အပိုင်း-၉

1.3K 68 0
                                    

<Unicode>

ရယ်သံနှောကာပြောလာတဲ့စကားတွေကြောင့်လင်းရောင်ဖြာရဲ့လှုပ်ရှားမှုတွေရပ်တန့်သွားရကာထိုအသံပိုင်ရှင်ကိုပြူးကျယ်နေသောမျက်ဝန်းတို့နှင်စိုက်ကြည့်လိုက်သည်။

ပြုံးရွှင်နေသောမျက်နှာလေးနဲ့သူတို့ကိုကြည့်နေသောသူရိန်ကိုမြင်လိုက်ရတာမလို့ထိုင်နေရာမှထလိုက်ကာသူ့ထက်အရပ်ရောလူကောင်ပါအလွန်ကွာသည့်သားဖြစ်သူကိုစိတ်လှုပ်ရှားစွာပွေ့ဖက်လိုက်သည်။

မျက်ဝန်းမှငွေမှင်ရောင်မျက်ရည်စက်တို့ကလည်းကျဆင်းလာကာအခုချိန်မှာသူ့ရင်ထဲမှာခံစားရတဲ့ခံစားချက်တွေကအလွန်များပြားကာပြည့်လျှံလုနီးပါးပင်...

"သား..တကယ်ပဲသားမဟုတ်လားဟင်ဖေဖေအမြင်မှားတာတော့မဟုတ်ဘူးမဟုတ်လား"

သူရိန်ရင်ထဲနွေးထွေးသွားရကာတစ်ခါမှမိဘမေတ္တာမရရှိဖူးတဲ့သူ့အတွက်တော့သူ့ကိုစိုးရိန်ပူပန်နေ
သည်ဆိုတဲ့မိဘနှစ်ပါးရှိနေသည်ဆိုသည့်အသိကရင်ထဲမှာတသိမ့်သိမ့်နဲ့နေရာယူထားကာနွေးထွေးသည့်စီးကြောင်းလေးကနှလုံးသားတစ်ခုလုံးကိုပြည့်နှက်နေကာပျော်ရွှင်ခြင်းတွေကိုဆောင်ကျဉ်းပေးလာလေသည်။

သူရိန်ပြုံးကာသာ‌ကြည့်နေသည့်အဖေကိုတစ်ချက်မော့ကြည့်လိုက်ကာဖေဖေကိုပြန်ငုံ့ကြည့်ကာဖေဖေလက်ကိုအသာဆုတ်ကိုင်ကာသူ့ပါးပြင်မှာအပ်လိုက်ပြီး...

"တကယ်သားပြန်ရောက်လာတာပါဖေဖေ..သား‌ဖေဖေတို့ကိုစိတ်ပူစေခဲ့မိပြီးသားတောင်းပန်ပါတယ်ဖေဖေ"

"မလိုပါဘူးသားရယ်...ပြန်ရောက်လာတာနဲ့တင်ဖေဖေတို့ကကျေနပ်နေပါပြီးသားဘာမှမဖြစ်တာကိုဖေဖေအရမ်းဝမ်းသာတာပဲ"

"ကဲကဲ...သားအဖနှစ်ယောက်ပြီးမှအလွမ်းသယ်တော့နော်အခုတော့နေလယ်စာသွားစားကြရအောင်ဒီကပွဲးကြည့်ပရိတ်သတ်ကြီးကဗိုက်ဆာနေပြီးဗျ"

ရွှတ်နောက်နောက်နဲ့ပြောလာတဲ့ရှိန်းသီဟကြောင့်သူရိန်နဲ့လင်းရောင်ဖြာကသဘောတကျရယ်မောလိုက်ကာရက်အတော်ကြာတိတ်ဆိတ်ပြီးဝမ်းနည်းစရာတွေနဲ့ပြည့်နှက်နေတဲ့နေရာကအခုတော့ပျော်ရွှင်ခြင်းတွေအစားထိုးဝင်ရောက်လာကာရယ်မောသံတွေနဲ့ဆူညံသွားလေသည်။

စာအုပ်ထဲကဗီလိန်တစ်ယောက်တဲ့လားWhere stories live. Discover now