အပိုင်း-၂၄

843 40 0
                                    

<Unicode>

ထိုအကြည့်ကြောင့်လှိုင်းသံသာနွယ်မှာရှက်ရွံ့သွားရသော်လည်းသူမလုပ်စရာရှိတာလုပ်ရအုံးမှာမလို့မျက်နှာမှာဖြူစင်တဲ့အပြုံးကိုပန်ဆင်ထားကာသူရိန်ရှိန်းထက်နဲ့တခြားသူတွေပြန်ဖြေလာမှာကိုသာစိတ်ရှည်စွာစောင့်နေလိုက်သည်။

ဇာတ်လိုက်မကစိတ်ရှည်ရှည်နဲ့စောင့်နေပါသော်လည်းသူရိန်တို့ကတော့အခုထိဆွံ့အနေသည့်အခြေအနေကနေရုန်းမထွက်နိုင်သေးပေ...
သူတို့ဒီလိုတုံ့ပြန်တာကလည်းမလွန်ပေ
လှိုင်းသံသာနွယ်ကအရင်ကဆိုသူရိန်ကိုတွေ့ရင်နှုတ်ဆက်ဖို့မပြောနဲ့ကယ်ဆိုးကြီးလိုရှောင်သွားတက်ကာအခုဆိုသူတို့ရဲ့စေ့စပ်ပွဲးကပျက်သွားပြီဖြစ်တဲ့အတွက်ထိုသို့ကောင်းကောင်းမွန်မွန်သူငယ်ချင်းအရင်းကြီးတွေလိုနှုတ်ဆက်လာဖို့ကလံုးဝမဖြစ်နိုင်ပေ

ထိုအရာကိုသူမကသူတို့ကြားမှာဘာပြဿနာမှမရှိခဲ့ပဲစေ့စပ်ပွဲးပျက်စေခဲ့တဲ့တရားခံမဟုတ်သလိုမျိုးလာနှုတ်ဆက်နေသည်ကမည်သူကိုမဆိုဆွံ့အသွားစေမှာအမှန်ပင်ဖြစ်သည်။

ဘာမှမသိသည့်ရှင်းသုခပိုင်တစ်ယောက်သာလျှင်သူတို့ဝိုင်းနားရောက်လာတဲ့ခပ်လှလှမမကိုမျက်လုံးဝိုင်းလေးတွေဖြင့်မော့ကြည့်ကာ‌ထိုမမကိုကြောင်အစွာကြည့်နေကြသည့်အကိုနွေဦးတိုကြောင့်သူပင်ထိုအမအစားရှက်လာသည်။

ထိုကြောင့်‌အကိုနွေဉီးတို့နည်းတူကြောင်အနေတဲ့ခင်ပွန်းဖြစ်သူကိုအသာလှုပ်ကာတိုးတိုးလေးကပ်မေးလိုက်သည်။

"ယောက်ျားဘာဖြစ်နေတာလဲ..သူများကိုအားနာစရာကြီးဟိုအမကယောကျာ်းအဖြေကိုစောင့်နေတာတော်တော်ကြာပြီကို ....ဘာတွေကြောင်နေတာလဲ"

"......."???

ဒီတစ်ခါကြောင်အကာအံ့ဩသင့်ရမည်သူမှာသူမဖြစ်ရလိမ့်မည်ဟုလှိုင်းသံသာနွယ်မထင်ထားမိပေ...
သူမဘာကိုကြားလိုက်ရတာလဲ...ထိုကောင်လေးကဘာလို့သူရိန်ရှိန်းထက်ကို‌ယောကျာ်းလို့ခေါ်ရတာလဲ?

လဲပေါင်းများစွာထပ်အောင်မေးနေသော်လည်းအဖြေကတော့သူမရှေ့ကလူတွေ‌ဆီမှာသာရှိပေလိမ့်မည်။

စာအုပ်ထဲကဗီလိန်တစ်ယောက်တဲ့လားWhere stories live. Discover now