အပိုင်း-၃၅: extra end

2.5K 104 10
                                    

<Unicode>

ထိုခလေးလေးပြောတာတွေကိုနားထောင်းရင်းသူရိန်မှတ်ဉာဏ်ထဲပေါ်လာသည်ကာနီမြန်းနေသောမျက်နှာလေးနဲ့သူ့အောက်မှာညီးနေသည့်ထိုခလေးလေးနဲ့သူ့ရဲ့ချစ်တင်းနှောနေသည့်ပုံရိပ်တွေကပေါ်လာကာအနည်းငယ်ကူရာမဲ့သွားရကာသူ့ကိုယ်သူနှာဘူးဟုပင်ထင်လိုက်မိသည်။

ပြန်ရလာဖို့အတွက်များစွာရှိတဲ့မှတ်ဉာဏ်တွေထဲကမှထိုမှတ်ဉာဏ်တွေကပေါ်လာရသလား
ဒါပေမယ့်တစုံတခုကိုတော့သူအတည်ပြုလိုက်နိုင်ပါတယ်
သူ့ရင်ခွင်ထဲကခလေးငယ်ငယ်ကသူ့ရဲ့ချစ်လှစွာသောဇနီးလေးပင်ဖြစ်သည်။

သူရိန်အောက်သို့ဖြည်းညင်းစွာဆင်းလိုက်ကာသူကို‌ပြူးကြောင်ကြောင်ကြည့်နေသည့်သူတွေကို
ကြည့်လိုက်သည်။
"သား..တကယ်ပဲဖေဖေသားလေးပြန်လာတယ် ...ယောကျာ်းသားကတကယ်ပြန်လာတယ်"

သူအနားရောက်လာကာသူ့ကိုကြည့်လိုငိုယိုကာဘေးကလူကိုတလှည့်ပြောနေတဲ့သူကိုကြည့်ကာစိတ်ရှုပ်ထွေးသွားရသည်။
"ယောကျာ်းဖေဖေနဲ့အဖေကယောကျာ်းရဲ့မိဘတွေလေ..."

သူရိန်အသိအမှတ်ပြုစွာခေါင်းညိမ့်လိုက်သည်။
သူ့မှာမှတ်ဉာဏ်တွေမရှိတဲ့အပြင်ဒီခန္တာကအသစ်ဖြစ်တဲ့အတွက်ထိုလူ‌တွေနဲ့သွေးသားတော်စပ်မှုမရှိတော့သော်လည်းတစ်ဘဝစာသူ့မိဘတွေဖြစ်ခဲ့တဲ့အတွက်ကောင်းကောင်းမွန်မွန်တော့ဆက်ဆံရပေမည်။

"တောင်းပန်ပါတယ်ကျွန်တော်မှာမှတ်ဉာဏ်တွေမပါလာလို့အဖေတို့ကိုမမှတ်မိလိုက်ဘူး"

"ရပါတာ်သားရယ်..အဖေတို့ဆီသားပြန်လာတာကိုတင်ဝမ်းသာလှပါပြီး"

"သူရိန်ငါ့ကိုရောမှတ်မိလား...ငါလေမင်းသူငယ်ချင်းနွေဦး"

သူ့ရှေ့လက်ဝှေ့ယမ်းကာပြောလာတဲ့လူကြောင့်မမှတ်မိကြောင်းကိုခေါင်းခါကာသာဖြေလိုက်သည်။
တစ်ယောက်ပြီးတစ်ယောက်သူ့ကိုစကားလာပြောကြသော်လည်းရင်ခွင်ထဲကကောင်လေးကသွေးတွေအလွန်ကျွံရှုံးဆုံးထားတာကိုသတိရလိုက်မိတော့သူ့အဖေကိုဆောလျှင်စွာပြောလိုက်သည်။

"အဖေကျွန်တော်အရင်ပြန်တော့မယ်..ခလေးငယ်အခြေအနေကမကောင်းတော့ဘူး"

စာအုပ်ထဲကဗီလိန်တစ်ယောက်တဲ့လားWhere stories live. Discover now