အပိုင်း-၂၂

889 45 0
                                    

<Unicode>

ရှင်သန်နေသောသစ်ရွက်ကလေး/အားးး...အရမ်းချောတဲ့ကိုကိုလေးတွေကတော်လိုက်တာ!မြန်မြန်...မြန်မြန်..ဖန်တီးသူရေကိုကိုလေးတို့ကAIလေ့ကျင့်ရေးစင်တာမှာရှိနေတုန်းလားဒီကသစ်ရွက်နုနုကလေးကလာကြူချင်လို့ပါလို့!

စွမ်းအားရှင်အစီးအရုံးရဲ့အသည်းအသက်လေး/
အိုက်ရာ...သူတို့တိုက်ခိုက်ပုံတွေကအရမ်းစီးစနစ်ကျတာပဲဆရာတို့ရေကျွန်တော်တို့ကိုလည်းနည်းနည်းလောက်သင်ပေးပါအုံးလို့!!!

သဘာဝတရားကြီးကမတရားဘူး/အိုက်ရိုး...အိမ်ကငါ့ညီလေးတွေနဲ့သူတို့ကိုလဲပေးပါလို့အရမ်းချောမယ့်ပုံလေးတွေ....ငယ်ငယ်လေးနဲ့အရမ်းတော်တာပဲ

ဖြူစင်တဲ့ယုန်ပေါက်လေး/အား...လောင်ကုန်းရေအရမ်းမိမိုက်နေတာပဲ
သစ်သားစွမ်းအင်နဲ့တစ်ယောက်ကခလေးမွေးနိုင်တဲ့အမျိုးသားကြီးမလား!!!..အားး..ငါနဲ့များကွာပါအရမ်းတော်တာပဲ

ရေခဲတုံးကြီး/အား...အလှလေးရဲ့အတိုက်အခိုက်စကေးတွေကြောင့်ရေခဲတုံးကြီးလည်းအရည်ပျော်ပါပြီးလို့!!!

သွဲ့ယောင်ဖန်သူ့ပို့စ်အောက်ကမှတ်ချက်တွေကိုပြောစရာစကားမဲ့စွာကြည့်လိုက်သည်။
မှတ်ချက်ထက်ဝက်လောက်ကချောတဲ့အကြောင်းတွေလှတဲ့အကြောင်းတွေချည်းပဲဖြစ်ကာအလွန်အကျွံကြူထားကြတာတွေချည်သာ..

ကွန်ပြူတာပေါ်ကိုပြန်ကြည့်လိုက်တော့သူတို့ပြောတဲ့အလှလေးကEအဆင့်အခန်းထဲကိုပင်ဝင်သွားကာတိုက်ခိုက်နေပြီဖြစ်သည်။
ထိုအနက်ရောင်ရောင်ဝတ်စုံတွေမျက်နှာဖုံးတွေနဲ့တစ်ကိုယ်လုံးအသားမပေါ်အောင်‌ဖုံးအုပ်ထားတဲ့နှစ်ယောက်ကိုကြည့်ကာမှတ်ချက်တွေကိုပြန်ကြည့်လိုက်ကာထိုသူတွေရဲ့မျက်လုံးကိုပင်ကောင်းမကောင်းစစ်ဆေးချင်မိသွားသည်။

ဘာမှမပေါ်တာတောင်အရမ်းချောတာပဲအရမ်းလှတာပဲဆိုတော့အနီးကပ်ကြည့်ပြီးအဲ့လိုမတွေးဖူးတဲ့သူကကန်းနေခဲ့တာလား
အသေအချာအတွေးလွန်ပြီးနောက်သူလက်ခံလိုက်ရသည့်အရာသည်ကာသူ့ကမျက်စိကန်းနေခဲ့ခြင်းဖြစ်သည်။

သေချာပြန်တွေးကြည့်ကာမှထိုလူနှစ်ယောက်အသံအနေအထားနဲ့ခန္တာကိုယ်ပုံပန်းသဏ္ဍာန်ကိုကြည့်ခြင်းအားဖြင့်အလွန်ငယ်ရွယ်ကာချောမောသည့်လူငယ်လေးတွေဖြစ်မှာမလွဲဧကန်ပင်....

စာအုပ်ထဲကဗီလိန်တစ်ယောက်တဲ့လားWhere stories live. Discover now