အပိုင်း-၁၅

1K 58 0
                                    

<Unicode>

သူရိန်ကလူယုတ်မာပြုံးပြုံးလိုက်ကာနီဆွေးနေတဲ့နာရွက်နုနုလေးနားတိုးကပ်ကာပြောလိုက်သည်။
"နောက်ထပ်တစ်နာရီဆိုကိုယ်တို့ကတရားဝင်လင်လင်တွေဖြစ်တော့မှာလေ...အခုထဲကကြိုခေါ်ထားတော့မင်းလေးအသားကျသွား‌တာပေါ့ဟုတ်တယ်မလားဇနီးလေး?"

ပြောလေကဲလေမန်းလေပြဲလေဖြစ်နေတဲ့သူကြောင့်ရှင်းသုခပိုင်မှာဘာမှဆက်မပြောနိုင်တော့ပဲဖရိုဖရဲဖြစ်နေတဲ့အဝတ်အစားတွေကိုပြန်ပြင်ဆင်လိုက်ပြီးသူရိန်ကိုရေချိုးခန်းထဲတွန်းပို့ကာပြောလိုက်သည်။

"အကိုရေချိုးတော့လေ.‌..နောက်တစ်နာရီဆိုဖေဖေတို့ကရောက်လာတော့မှာမြန်မြန်ပြင်ဆင်ရအောင်"

"ဟဟ...ဟုတ်ပါပြီးဗျာကိုယ်ဆက်မစတော့ဘူးကိုယ့်အတွက်အဝတ်အစားထုပ်ထားပေးနော်"

သူရိန်သူ့ရဲ့ချစ်စဖွယ်ဇနီးလေးကိုဆက်မစတော့ဘဲရေချိုးခန်းထဲဝင်သွားရင်းမှပြောလိုက်ကာရေချိုးခန်းတံခါးကိုမပိတ်ခင်မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ကာဆွဲးဆောင်မှုရှိရှိပြုံးပြခဲ့လိုက်သေးသည်။

ရေချိုးခန်းအပြင်ဘက်ကရှင်းသုခပိုင်ကတော့တဒိတ်ဒိတ်ခုန်နေတဲ့သူ့ရဲ့ဝဲဘက်ရင်အုံထက်လက်ဖဝါးနုနုလေးတွေတင်လိုက်ပြီးပြုံးလိုက်မိသည်။
အကိုရဲ့မိဘတွေရောက်လာတာကသူနဲ့အကို့ကိုပိုလို့နီးစပ်စေခဲ့သည်အရာတစ်ခုမှန်းဒီမတိုင်ခင်ကသူမသိခဲစေခဲ့သည်အရာတစ်ခုမှန်းဒီမတိုင်ခင်ကသူမသိခဲ့ပေ...

အကို့မိဘတွေလာတော့သူကကြာပန်းအသွင်ပြောင်းကာသူ့အခန်းထဲမှာရေစိမ်ချိုးကာကြင့်ကြ‌ံနေခြင်းဖြစ်ကာတံခါးဘဲလ်သံနဲ့တံခါးခေါက်သံတွေကိုအိမ်ရှေ့တံခါးကနေကြားလိုက်ရတာမလို့အမြန်လူအသွင်ပြောင်းကာသူ့ချွတ်ထားတဲ့ညအိပ်ဝတ်စုံကိုသာပြန်ဝတ်လိုက်ကာအကိုများတံခါးဖွင့်ပေးမလားဟုစောင့်နေခဲ့သေးသည်။

သူသွားဖွင့်လိုက်ရင်သူရောအကိုပါနှစ်ယောက်အတူတူနေနေကြတယ်ဆိုတာသိသွားမှာစိုးတာကြောင့်ပင်...
သူကပြဿနာမရှိပေမယ့်အကိုအတွက်ကျအဆင်ပြေပါမလားဆိုတာသူမသိဘူးလေ

စာအုပ်ထဲကဗီလိန်တစ်ယောက်တဲ့လားWhere stories live. Discover now