အပိုင်း-၁

3.4K 97 2
                                    

<Unicode>

ဝတ္ထုနာမည်တောင်မရှိသည့်ဝတ္ထုစာအုပ်

ညနေပိုင်းဆိုင်ပိတ်ချိန်ရောက်နေပြီမလို့ဆိုင်ကသူငှာထားတဲ့အလုပ်သမားလေးတွေအားလုံးပြန်သွားပြီဖြစ်တာကြောင့်သူပါပြန်တော့ရန်ပြင်နေသည့်သူရိန်ရှိန်းထက်မှာလေတချွန်ချွန်နဲ့စိတ်အခြေအနေကောင်းမွန်စွာဆိုင်တံခါးတွေသေချာသော့အထပ်ထပ်ခပ်ပြီးဆိုင်နဲ့သိပ်မဝေးသည့်သူ့ရဲ့တစ်ထပ်အိမ်ငယ်လေးထံလမ်းလျှောက်ကာသာပြန်ခဲ့လေသည်။

အိမ်နဲ့ဆိုင်ကသိပ်မဝေးတာမလို့အသွားအပြန်ကိုလမ်းလျှောက်ကာသာပြန်ပြီး
ဒီနေ့လည်းပုံမှန်နေ့တွေလိုပင်လမ်းလေးလျှောက်ကာအိမ်ပြန်ခဲ့သည်။

သူကတစ်ကိုယ်တည်းလူပျိုကြီးဖြစ်ကာသူ့ရဲ့လက်ရှိအသက်ကနောက်လဆို၃၀ပြည့်ပြီးဖြစ်သော်လည်းဂေးဖြစ်သည့်သူ့အတွက်ကြာပစ်ရန်လာသည့်မိန်းခလေးတွေမှာကံမကောင်းစွာပင်သူ့မျက်စိထဲတောင်မဝင်ပေ ..

သူရိန်ရှိန်းထက်ကအသက်ကသာ၃၀ပြည့်တော့မှာဖြစ်သော်လည်းခန့်ညားချောမောသောရုပ်ရည်နဲ့အသားညိုစိပ်စိပ်ကိုပိုင်ဆိုင်ထားပြီးအချက်အပြုတ်ပညာအပြင်တခြားပညာရပ်တွေမှာလည်းအလွန်တော်ကာသူ့ကိုမျက်စိကျနေသောပျိုမဒီပေါင်းများစွာမှာလည်းမှိုလိုပေါများလျက်ရှိကာသူကတော့မျက်လုံးထဲမှာသူ့ရဲ့စားသောက်ဆိုင်လုပ်ငန်းဒီထက်ပိုအောင်မြင်အောင်ပြုလုပ်ရန်ဆိုသည့်မစ်ရှင်တစ်ခုထဲကိုသာထည့်ထားကာကျန်တာစိတ်မဝင်စားချေ...

သူရိန်ကသိတက်စအရွယ်ကတည်းကမိဘတွေကဘယ်သူဆိုတာတောင်မသိမမြင်ဖူးခဲ့ပဲမွေးကင်းစအရွယ်လေးမှာတင်စွန့်ပစ်ခံခဲ့ရကာသီရိဂေဟာရဲ့ဂေဟာမှုးဒေါ်ဝတီရဲ့မွေးစားခြင်းကိုခံခဲ့ရကာဂေဟာကတခြားကလေးတွေနည်းတူပြုစုပျိုးထောင်ခြင်းကိုခံခဲ့ရကာသူ့အသက်၁၈ပြည့်တော့ဂေဟာကထွက်ခွာကာအလုပ်ကြိုးစားခဲ့သည်။

စာအလွန်တော်သည့်သူရိန်ကိုဒေါ်ဝတီကကျောင်းထားပေးခဲ့သော်ငြားသူရိန်ကအသက်ပြည့်သည်နှင့်ဂေဟာကနေထွက်ခွာကာအလုပ်လုပ်ပြီးသူ့ဘာသာကျောင်းဆက်တက်ခဲ့သည်။

စာအုပ်ထဲကဗီလိန်တစ်ယောက်တဲ့လားWhere stories live. Discover now