<Unicode>
"အကိုရန်...မင်းသိပြီးပြီးလားမိုးကြိုးစွမ်းအားအဖွဲ့အစည်းကအသုံမကျတဲ့သူရိန်ရှိန်းထက်ဆိုတဲ့အကောင်ကိုလေ"
သူရိန်ဆိုတဲ့နာမည်ကြောင့်အတွေးနွံနစ်နေသည့်ခမ်းရဲ့နာရွက်တွေကအော်တိုထောင်သွားရကာထိုလူဆက်ပြောမည့်စကားတွေကိုနားစိုက်ထောင်လိုက်သည်။
"သိတယ်လေကွာ...ဘာဖြစ်လို့လဲသူ့ရဲ့ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့အလောင်းကိုပြန်တွေ့ပြီတဲ့လား"
ရန်မင်းဟွေ့ဆိုသည့်သူကနှာခေါင်းရှုံ့ကာပြောလိုက်သည်။
သူကတရုတ်လူမျိုးတစ်ယောက်ဖြစ်ပင်မယ့်အခုချိန်မှာကဟိုးအရင်တုန်းကလိုဘာသာစကားမျိုးစုံအသုံးမပြုကြတော့ဘဲလူသားတွေအားလုံးပေါင်းစည်းနိုင်ဖို့အတွက်ဘာသာစကားအသစ်တစ်မျိုးကိုတီထွင်ခဲ့သည်။ထိုကြောင့်လည်းလူတိုင်းကလူမျိုးမတူညီရင်တောင်ဘာသာစကားတစ်မျိုးတည်းကိုသာအသုံးပြုကြတာကြောင့်အပြန်အလှန်ပြောဆိုဆက်သွယ်နိုင်ကြသည်။
ရန်မင်းဟွေ့ဆိုတဲ့သူနဲ့ထိုသူရိန်ရှိန်းထက်ဆိုသည့်အမှိုက်ေကာင်နဲ့ကမပြေလည်နိုင်တဲ့ရန်ငြိုးတွေရှိကာသူရိန်ရှိန်းထက်ဆိုတဲ့အမှိုက်ကောင်ကဘာစွမ်းရည်မှမရှိပဲသာမာန်လူတစ်ယောက်ဆိုတာသိသာထင်ရှားနေသော်လည်းသူ့ကမိုးကြိုးစွမ်းအင်အဖွဲ့အစည်းရဲ့သခင်လေးတစ်ယောက်ဖြစ်နေသေးကာအားလုံးရဲ့တလေးတစားဆက်ဆံမှုကိုခံနေရတုန်းပဲဖြစ်သည်။
ဒါပေမယ့်သူကျတော့ရောသူကကျအဆင့်Eအဆင့်ကိုတောင်ရောက်ရှိနေပြီဖြစ်တဲပါရမီရှင်တစ်ယောက်ဖြစ်နေပါရဲ့နဲ့သူ့ရဲ့လေအဖွဲ့အစည်းကလူတွေကသူ့ကိုသိပ်အလေးမထားကြပေ...
သူတို့ရဲ့ရန်ငြိုးကသေချာပေါက်ထိုအရာကြောင့်ချည်းပဲမဟုတ်ချေ...
သူသဘောကျနေတဲ့မိန်းခလေးကအဲ့အမှိုက်ကောင်ကိုမြင်မြင်ချင်းသဘောကျနေခဲ့ပင်မယ့်ထိုအမှိုက်ကောင်ကတော့သူသဘောကျနေတဲ့မိန်းခလေးကဖွင့်ပြောခဲ့တာတောင်ရက်ရက်စက်စက်ငြင်းခဲ့တဲ့အပြင်မောက်မာဝံ့ကြွားစွာတောင်အထက်စီးကနေပြောဆိုခဲ့သေးသည်။
