အပိုင်း-၅

1.5K 87 0
                                    

<Unicode>

သူရိန်ရှိန်းထက်ရေကန်ထဲကိုတ‌ရွေ့ရွေ့ဆင်းသွားလိုက်သည်။
ရေကသူ့ခါးလောက်သာရှိတာမလို့ရေထဲခန္တာကိုယ်ကိုအနည်းငယ်နှိမ့်ချလိုက်ကာခန္တာကိုယ်ပေါ်ကအနက်ရောင်အရည်တွေကိုဆေးကြောသန့်စင်လိုက်သည်။

ပြီးတော့တစ်ခါတည်းကုန်းပေါ်ကအဝတ်အစားတွေကိုဆေးကြောသန့်စင်လိုက်ကာစိတ်ကျေနပ်တဲ့အထိရေချိုးချလိုက်သည်။
ရေချိုးလို့ပြီးတော့စိုရွှဲနေတဲ့အဝတ်အစားတွေကိုကြည့်ကာသူရိန်ငုတ်တုတ်ထိုင်နေမိသည်

သူ့မှာအဝတ်နဲ့တူတာဆိုလို့ဒါပဲရှိတာအခုတော့အကုန်စိုကုန်ပြီဆိုတော့သူဘယ်လိုဝတ်ရတော့မှာလဲလှန်းရအောင်လည်းညဘက်ကြီးဖြစ်နေတာကဆိုးတာပင်...

သက်ပြင်းချကာသူ့လက်တွေကိုကြည့်ပြီးခပ်တိုးတိုးရေရွတ်လိုက်သည်။
"ကံဆိုးလိုက်တာဘာလို့စွမ်းအားတစ်ခုမှမနိုးလာရတာလဲ"

စိတ်ဓာတ်ကျစွာခေါင်းခါလိုက်ပြီးနောက်တစုံတစ်ခုကိုသတိပြုမိလိုက်ကာသူ့မျက်ဝန်းတွေကမျှော်လင့်ချက်တို့နဲ့ပြည့်ဝလာသည်။

သူ့ခန္တာကိုယ်ထဲပြည့်လျှံဝပြောနေသည့်နွေးထွေးသည့်စွမ်းအားတွေကိုခံစားမိလိုက်ကာစစချင်းတုန်းကသူ့ခန္တာကိုယ်ပေါ်ကထိုစေးကပ်ကပ်အရည်တွေဆီပဲစိတ်ရောက်နေကာသန့်ရှင်းဖို့သာစိတ်စောနေတာမလို့ထိုအရာတွေကိုသူမသိလိုက်တာပင်ဖြစ်သည်။

စိတ်လှုပ်ရှားစွာရယ်မောလိုက်သည်။
မထင်ထားမိဘူးသူ့မှာလည်းစွမ်းအားပိုင်ရှင်ဖြစ်ဖို့အခွင့်အရေးရှိလိမ့်မည်ဟုမထင်ထားမိပေ...

သူရိန်သူ့ရဲ့စွမ်းအားကိုစမ်းသပ်ကြည့်ရန်ပြင်လိုက်သည်။
သူ့ခန္တာကိုယ်ထဲကစွမ်းအားတွေကိုအာရုံခံကြည့်ကာ
သူဘာစွမ်းအားတွေကိုနိုးထနိုင်ခဲ့လဲဆိုတာသိဖို့ရန်အတွက်စွမ်းအားတွေကိုစမ်းသုံးလိုက်သည်။

ရုတ်တရက်ပတ်ဝန်းကျင်ကမှောင်မှိက်သွားကာလျှပ်စီးတွေကကောင်းကင်တခွင်တလက်လက်တာက်ပလာကာညိမ်သက်နေတဲ့လေထုကလည်းလေပြင်းမုန်တိုင်းတွေအဖြစ်‌ပြောင်းလဲသွားကာနယ်မြေအတွင်းပေါ်ပေါက်‌လာတော့သည်။

စာအုပ်ထဲကဗီလိန်တစ်ယောက်တဲ့လားWhere stories live. Discover now