အပိုင်း-၂၉

796 37 0
                                    

<Unicode>

ဒါပေမယ့်အခုကျတော့သူအလုပ်ပြုတ်ပြီးမိသားစုအခြေအနေကနေ့ချင်းညချင်‌းပြောင်းလဲးသွားကာနောက်ထပ်အကြွေးနွံနစ်ရပြန်ပြီး
ဒီဘဝကနေဘယ်တော့မှများလွှတ်မြောက်နိုင်ပါလိမ့်မည်နည်း
ဖခင်ဖြစ်သူကလည်းအိပ်ရာပေါ်လှဲနေရတဲ့အခြေအနေမှာသူကတော့အပြင်ထွက်ကာမည်သို့ငွေရှာနိုင်မည်နည်း

အခုတော့ဖခင်ဖြစ်သူရဲ့အခြေအနေကဆိုးရွားလွန်းနေသည့်အပြင် အပြင်မှာကလည်းအကြွေးရှင်တွေကလာသောင်းကြမ်းနေကြပြန်ပြီး

"သ...သားး"

"ဗျ..ဗျာ..အဖေတခုခုဖြစ်လို့လားဟင်..သားတောင်းပန်ပါတယ်အဖေ‌ အဖေရဲ့ဒီလိုအခြေအနေကြီးနဲ့တောင်သားဆေးရုံမခေါ်သွားနိုင်လို့..သားတောင်းပန်ပါတယ်အဖေ"

သွဲ့ချင်တန်မျက်ရည်မိုးတွေရွာဖြိုးလို့သူ့ကိုစိုးရိန်စွာကြည့်လို့မျက်နှာမကောင်းဖြစ်နေရတဲ့သားဖြစ်သူကိုစိတ်မကောင်းဖြစ်စွာကြည့်လိုက်မိသည်။
သူသာမဆိုးမိုက်ခဲ့ရင်သူသာလောင်းကစားဝါသနာမပါခဲ့ရင်မိသားစု‌အပေါ်အိမ်ထောင်ဦးစီးကောင်းပီသခဲ့ရင်သူ့ရဲ့သားငယ်လေးကိုအခုလိုပင်ပန်းနေခဲ့မှာမဟုတ်ဘူး...

အခုမှနောင်တရနေလို့လည်းအပိုပဲဆိုတာသူသိပါတယ်
ဒါပေမယ့်သူ့ရဲ့ဆိုးပြစ်မိုက်ပြစ်တွေကြောင့်သူ့သားလေးအခုလိုစိတ်ဒုက္ခရောက်နေရပြီးနောက်ပြီးသူ့အခြေအနေသူသိသည်။

သူလူ့ဘဝမှာအချိန်ကြာကြာမှာမနေနိုင်တော့မှန်းလည်းသိသည်။
ဒါပေမယ့်သားလေးကိုတော့သူ့အကြွေးနွံမှာမနစ်စေခဲ့ချင်ဘူး
သားက‌သာမာန်ယောကျာ်းလေးတစ်ယောက်ဆိုကိစ္စမရှိပေမယ့်သားဖြစ်သူကကလေးမွေးဖွားနိုင်တဲ့အမျိုးသားဖြစ်နေခဲ့သည်။

အကယ်၍သူသာသေသွားခဲ့ပါကမိသားစုမရှိတစ်ကောင်ကြွက်တစ်ယောက်ဖြစ်တဲ့သူ့သားငယ်လေးရဲ့ဘဝကမတွေးရဲစရာပါပင်
သားဖြစ်သူရဲ့လက်လေးတွေကိုတင်းတင်းကြပ်ကြပ်ဆုတ်ကိုင်လို့မောဟိုက်နေသည်ကိုမျက်ကွယ်ပြုကာအားတင်းကာပြောလိုက်သည်။

"အ...အဖေကိုတောင်းပန်စရာမလိုပါဘူးသားရယ်..အဖေကသာတောင်းပန်ရမှာပါ....အဟွတ်...အဟွတ်"

စာအုပ်ထဲကဗီလိန်တစ်ယောက်တဲ့လားWhere stories live. Discover now