အပိုင်း-၂၁

1.5K 81 0
                                    

<Unicode>

သူရိန်ပြောလိုက်သည်နှင့်ထိုလူကချက်ချင်းကိုပင်သူရိန်တို့ကိုသူဌေးဆီခေါ်သွားပေးလေသည်။
ဆိုင်ပိုင်ရှင်သူဌေးကတရုတ်လူမျိုးတစ်ယောက်ဖြစ်ကာသတ်လက်ပိုင်းအရွယ်ဦးလေးကြီးတစ်ယောက်လည်းဖြစ်ကာသူရိန်နဲ့အတူအလုပ်ကိစ္စဆွေးနွေးကြတော့သည်။

"လူလေးပြောတဲ့အတိုင်းဆိုလူလေးမှာအသီးအမျိုးအစားတွေအများအပြားရှိနေတာပဲ..ဦးလေးတို့အကုန်လုံးကိုဝယ်မယ်ဈေးနှုန်းကိုတော့အပင်တွေရဲ့လက်ဆက်မှုအပေါ်ဦးတည်ပြီးသက်မှတ်ပေးမယ်လူလေးသဘောတူရဲ့လား?"

"ကျွန်တော်သဘောတူတယ်..ဒါပေမယ့်အခုအသီးအရွက်တွေကကျွန်တော်နဲ့မပါလာဘူးကားပေါ်မှာကျန်ခဲ့တယ်"

သူရိန်အနေနဲ့အသီးအရွက်တွေကိုနယ်မြေထဲကတိုက်ရိုက်ထုပ်ယူဖို့မဖြစ်နိုင်တာမလို့ကားပေါ်မှာသာချန်ခဲ့ကာအကုန်လုံးကိုသယ်ခဲ့ဖို့ကလည်းမဖြစ်နိုင်ပေ...

ဆိုင်ရှင်ကချက်ချင်းကိုသူ့အလုပ်သမားတွေကိုလွှတ်ကာဆိုင်ရှေ့ကကားပေါ်ကအသီးအရွက်တွေယူခိုင်းလိုက်သည်။

"အိုး..အသီးအရွက်တွေကကောင်းလိုက်တာလက်လက်ဆက်ဆက်ချည်းတွေပဲ...သစ်သားစွမ်းအားတွေအရမ်းပေါးများတယ်..လူလေးကဘယ်လိုများစိုက်ပျိုးလိုက်တာလဲတော်လိုက်တာ!"

သူရိန်ခေါင်းခါကာသာပြုံးပြလိုက်ပြီးဘာမှပြန်မဖြေပေ
သူရိန်ပြန်ဖြေမယ်လို့လည်းမတွေးထားသည့်ဆိုင်ရှင်ကလည်းအသီးအရွက်တွေကိုသာအလွန်တောက်ပသောမျက်လုံးတို့နဲ့ကြည့်နေသည်။

ဘယ်သူကမှလျှို့ဝှက်ချက်ကြီးတစ်ခုကိုလက်လွတ်စပယ်ပြောပြနိုင်မှာမဟုတ်ဘူးလေ...

"ဒါတွေအားလုံးကိုဦးလေးဝယ်မယ်..စိတ်မပူပါနဲ့ထိုက်သင့်တဲ့ဈေးနှုန်းကိုပေးမှာပါ...လူလေးရဲ့အသီးအရွက်တွေကအရမ်းများတဲ့အပြင်အရမ်းလက်ဆက်တာကြောင့်ဦးလေးကကျောက်စိမ်း၁ချောင်းကိုပေးချေမယ်"

"‌ဒါဆိုကျေးဇူးတင်ပါတယ်ဦးလေး"

သူရိန်အနေနဲ့သူ့ရဲ့အသီးအရွက်တွေကထိုမျှလောက်မတန်တာကိုသိပါသော်ငြားလည်းတဖက်လူရဲ့ရည်ရွယ်ချက်ကိုသိနေတာမလို့လက်သာခံလိုက်တော့သည်။

စာအုပ်ထဲကဗီလိန်တစ်ယောက်တဲ့လားWhere stories live. Discover now