<Unicode>
သိပ်မကြာခင်မှာပင်ကားမောင်းသူဖက်ခြမ်းကကားတံခါးအပြင်အနောက်ခန်းကကားတံခါးကလည်းတစ်ချိန်ထဲပွင့်လာကာ၆၀%လောက်တူညီတဲ့ရုပ်ရည်တွေကိုပိုင်ဆိုင်ထားတဲ့လူနှစ်ယောက်ကဆင်းလာတာမလို့ထိုသူတွေကသွေးသားတော်စပ်မှန်းသိနိုင်
သော်လည်းမည်သို့တော်စပ်သလဲတော့ဘယ်သူမှမခန့်မှန်းနိုင်ကြချေ...ခေတ်ပျက်ကြီးပီုးနောက်လူသားတွေကလည်းအနည်းနဲ့အများတော့ဗီဇပြောင်းလဲသွားကြကာသာမာန်လူသားတွေရဲ့အသက်ရှင်နိုင်စွမ်းကတင်ဘာပြဿနာမှမရှိပါကနှစ်ပေါင်း၂၀၀လောက်ရှင်သန်နိုင်ကာစွမ်းအားရှင်တွေကတော့အဆင့်မြင့်လေပိုပြီးအသက်ရှင်နိုင်ကြလေဖြစ်ကာအသက်၁၀၀လောက်ရှိသည့်သာမာန်လူတစ်ယောက်ကတောင်သတ်လတ်ပိုင်းလူတစ်ယောက်မှာရှိသင့်တဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားဆဲပဲဖြစ်ကာ....
ထိုလူနှစ်ယောက်ကလည်းမျက်နှာကအလွန်နုကာဆယ်ကျော်သတ်လေးတွေလို့ပင်ထင်ရနိုင်တာမလို့ဘယ်သူမှမခန့်မှန်းနိုင်ကြခြင်းဖြစ်သည်။
ဒါပေမယ့်ထိုကားပေါ်ကဆင်းလယတဲ့သူနှစ်ယောက်ကတဖက်ကားတံခါးတွေကိုသွားဖွင့်ပေးကာဆင်းလာတဲ့လူငယ်လေးနှစ်ယောက်ကိုတွေ့ပြီးနောက်အားလုံးကသူတို့ရဲ့ပတ်သတ်ဆက်နွယ်မှုကိုသိရှိသွားတော့သာ်။
ကားမောင်းသူနေရာကဆင်းလာတဲ့လူဖွင့်ပေးတဲ့တံခါးထဲကနေထွက်လာတဲ့လူငယ်လေးကခလေးမွေးနိုင်တဲ့အမျိုးသားတစ်ယောက်ဖြစ်ကာအရင်ဆုံးဆင်းလာတဲ့လူငယ်လေးရဲ့မျက်နှာနဲ့၃၀%ခန့်ဆင်တူနေတာမလို့ထိုလူ၃ယောက်ကမိသားစုတွေဖြစ်နိုင်ကာကျန်တဲ့တစ်ယောက်ကလည်းခလေးမွေးနိုင်တဲ့အမျိုးသားပင်ဖြစ်ကာကြည့်ရတာထိုလူငယ်လေးနှစ်ယောက်ကမှလက်ထပ်မှတ်ပုံတင်တင်ကြမှာထင်သည်။
ရှိန်းသီဟတို့ကတော့သူ့ပတ်ပတ်လည်ကအကြည့်ပေါင်းစုံကိုဂရုမစိုက်ပဲသူ့ခင်ပွန်းလေးကိုခေါ်ကာလက်ထပ်မှတ်ပုံတင်ရုံးထဲကိုဝင်သွားသလိုသူ့ရဲ့သားဖြစ်သူကလည်းအကြည့်ပေါင်းများစွာကိုကြောက်ရွံ့နေဟန်ပေါ်သည့်သည့်သူ့ရဲ့ဇနီးလေးကိုပွေ့ဖက်ကာနှစ်သိမ့်ပေးလိုက်ပြီးလက်ထပ်မှတ်ပုံတင်ရုံးထဲကိုသူ့မိဘတွေနောက်ကနေလိုက်ဝင်သွားလိုက်သည်။
![](https://img.wattpad.com/cover/367324736-288-k563255.jpg)