အပိုင်း-၂၃

865 45 2
                                    

<Unicode>

ဧည့်ခန်းထဲကလူနှစ်ယောက်ဘာတွေပြောနေကြမှန်းမသိသည့်ရှင်းသုခပိုင်ကတော့သူ့ခင်ပွန်းဖြစ်သူထံကသင်ကြားထားသည့်ဟင်းချက်နည်းအတိုင်းချက်ပြုတ်တော့သည်။

သူကလူသားစင်စစ်တစ်ယောက်မဟုတ်တဲ့အတွက်အရာအားလုံးကိုခဏလေးအတွင်သင်ယူနိုင်ကာသူသာဆန္ဒရှိပါကမှတ်ဉာဏ်ကနေတဆင့်လည်းတိုက်ရိုက်ကူးပြောင်းကာသင်ကြားနိုင်သည်။
ထိုကြောင့်သူ့ရဲ့ဟင်းချက်လက်ရာကသူ့ခင်ပွန်းရဲ့လက်ရာနဲ့တထပ်တည်းတူညီကာအလွန်စားကောင်းလှသည်။

နွေဦးကတော့နေ့လည်စာကိုသူရိန်တို့နဲ့အတူစားသွားကာဟင်းချက်လက်ရာတွေကတူညီနေတဲ့နှစ်ယောက်ကြောင့်အံ့ဩတသင့်ချီးကျူးနေကာသူ့စိတ်ထဲမှာလည်းသူရိန်ကိုကယ်တင်ပေးခဲ့ပြီးအချက်အပြုတ်သင်ပေးခဲ့တဲ့သူရဲကောင်းကရှင်းသုခပိုင်လို့ထင်မှတ်သွားလေသည်။

.................
အချိန်အားဖြင့်ရက်သတ္တပတ်ခန့်ကုန်လွန်သွားကာလေလံပွဲးစတင်မယ့်ရက်ကိုရောက်လာခဲ့ပြီဖြစ်သလိုသူရိန်ကလည်းထိုအတေားအတွင်းအသီးအရွက်ဖောက်သည်ဦးလေးလုနဲ့အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးပိုင်ဆိုင်ခဲ့ကာသူ့နယ်မြေထဲကအသီးအရွက်တွေကိုရောင်းကာဝင်ငွေရှာနိုင်ခဲ့သည်။

နယ်မြေရဲ့အချိန်စီးဆင်းမှုကအပြင်ကထက်၅ဆပိုမြန်တာမလို့အသီးအရွက်တွေကသူတို့အပြင်မှာရှိနေရာမှအထဲကိုတစ်ရက်လောက်နေမှတစ်ခါပြန်ဝင်ရောင်တောင်မူလကထက်ပိုကြီးနေပြီဖြစ်ကာရှင်းသုခပိုင်ရဲ့သစ်သားစွမ်းအားကိုလည်းအသုံးပြုထားတာမလို့ကြီးထွားမှုကမယုံနိုင်စရာကောင်းလောက်အောင်မြန်ဆန်ကာ၂ရက်ခြားတစ်ခါရောင်းချနိုင်ခဲ့သည်။

ဦးလေးလုရဲ့အကူအညီကြောင့်တခြားကုန်သည်တွေနဲ့လည်းသိကျွမ်းခဲ့ကာရင်းနှီး‌ခဲ့သည်။
ဒီနေ့ကတော့စနေနေ့ဖြစ်သည့်အားလျော်စွာလေလဲအိမ်ကိုသွားရမှာမလို့သူရိန်တစ်ယောက်all blackကိုသာဝတ်ဆင်ထားကာချောမောခန့်ညားနေသလိုသူ့ဇနီးလေးကလည်းသူနဲ့ဆန့်ကျင့်ဘက်ဖြစ်စွာall Whiteကိုဝတ်ဆင်ထားပြီးနတ်သားလေးတစ်ပါးမြေပြင်ပေါ်ကျရောက်လာသည့်နှယ်အလွန်ပင်လှပနေလေသည်။

စာအုပ်ထဲကဗီလိန်တစ်ယောက်တဲ့လားWhere stories live. Discover now