<Unicode>
လေလေးတချွန်ချွန်နဲ့လုပ်ကာကြည်လင်နေသည့်သူရိန်ရဲ့မျက်နှာချောချောလေးကသူစိတ်ကြည်နေမှန်းသိနိုင်ကာသူ့ကိုဖော်ရွေသည့်လူငယ်လေးအသွင်ဆောင်နေလသည်။
တကယ်လည်းလူငယ်လေးပါပဲသူ့အရင်ဘဝကတော့အသက်၃၀အဖိုးကြီးဆိုပင်မယ့်အခုဘဝမှာတော့အသက်၁၉နှစ်သာရှိသေးသည့်လူငယ်လေးတစ်ယောက်ဖြစ်နေသည်။
သူရိန်တံခါးသော့ဖွင့်ပြီးသည်နှင့်တိုက်ခန်းထဲဝင်လာခဲ့လိုက်ကာသူ့အိပ်ခန်းထဲကရေချိုးခန်းမဟုတ်တဲ့ဧည့်သည်ခန်းထဲကရေချိုးခန်းထဲမှာသာဝင်လိုက်ကာရေချိုးလိုက်ပြီးအဝတ်အစားလဲလိုက်သည်။
ပြီးတော့ရှင်းငယ်ကိုတွေ့ရန်အတွက်ရေချိုးခန်းလက်ကိုင်ဘုကိုလှမ်းကိုင်လိုက်ကာဆွဲးဖွင့်လိုက်သည်။
"Shit!!!"
သူရိန်သူ့ရေချိုးခန်းထဲရောက်နေတဲ့အလှလေးတစ်ယောက်ကြောင့်လန့်ကာအနောက်သို့ခုန်ဆုတ်လိုက်မိသည်။
သူ့ကြာပန်းငယ်လေးကိုလိုက်ရှာတော့လည်းမတွေ့တော့တာမလို့စိုးရိန်သွားရကာထိုအလှလေးကိုမေးရန်အတွက်ရေချိုးခန်းထဲပြန်ဝင်လာခဲ့လိုက်သည်။ကိုယ်တုံးလုံးလေးဖြစ်နေတဲ့အလှလေးကြောင့်အရင်ဆုံးအပေါ်ကနေအဝတ်တစ်ခုကိုဖုံးပေးလိုက်ကာမျက်နှာကိုတစ်ဖက်သို့လှည့်ကာအလှလေးရဲ့လက်မောင်းလေးတစ်ဖက်ကိုကိုင်လှုပ်ကာနှိုးလိုက်သည်။
"ဟိတ်...ဟိတ်...ထတော့...မင်းဘယ်သူလဲ?...ငါ့ရေချိုးခန်းထဲဘယ်လိုရောက်နေရတာလဲ"
သူရိန်လှုပ်နှိုးလိုက်မှထိုအလှလေးကတအင့်အင့်နဲ့နိုးလာကာကြည်လင်တဲ့မက်မွန်းပွင့်ရောင်မျက်ဝန်းလေးတွေကဖြည်းညင်းစွာပွင့်လာတာကိုတွေ့တော့သူရိန်အနောက်သို့ဆုတ်လိုက်ကာမျက်နှာကိုတစ်ဖက်လှည့်ထားလိုက်ကာမေးလိုက်သည်။
"ဒီမှာ...မင်းကဘယ်သူလဲ?...ဘာလို့ငါ့အခန်းထဲရောက်နေရတာလဲ!"
"အင့်...ဟင့်...အ...အကို..."
"ဟမ်?...အင့်..."
ရင်နှီးနေတဲ့အသံချိုချိုလေးကြောင့်အံ့ဩသင့်နေဆဲသူရိန်မှာရေချိုးကန်ထဲကစိတ်လှုပ်ရှားစွာပြေးထွက်လာတဲ့ကောင်လေးကသူ့အပေါ်ကသူရိန်ခြုံပေးထားတဲ့ပုဝါကရေတွေနဲ့အတူအောက်သို့လျှောကျသွားကာသူရိန်မှာမျက်လုံးပင်ပြူးသွားရသည်။