အပိုင်း-၁၄

1.7K 106 4
                                    

<Unicode>

ရှိန်းသီဟကတော့သူ့ခင်ပွန်းလေးပျော်နေတာကိုကြည့်ကာပြုံးလိုက်ပြီးသူ့သားဘက်လှည့်ကာပြောလိုက်သည်။
"ဒါဆိုအဖေတို့သွားတော့မယ်နောက်တစ်နာရီနေရင်အဖေတို့လာခေါ်မယ်အတူတူသွားကြတာပေါ့"

"ဟုတ်ကဲ့ပါအဖေကောင်းကောင်းသွားပါလိုက်မပို့တော့ဘူးနော်"

"သမက်လေးကိုသေချာဂရုစိုက်နော်သား"

"ဟုတ်ကဲ့ပါဖေဖေရယ်..."

သူ့အဖေလက်မောင်းထဲကနေနောက်လှည့်ကြည့်ကာအော်ပြောလာတဲ့မွေးဖေဖေကြောင့်သူရိန်ကူရာမဲ့စွာသာလက်ပြကာနှုတ်ဆက်ပြီးကတိပေးလိုက်ရသည်။

အခန်းထဲမှာသူတို့နှစ်ယောက်ပဲရှိတာသေချာမှသူရိန်
သူ့အကြည့်တွေကိုရှင်းငယ်ဆီပို့လိုက်သည်။
ထိုခလေးကသူ့အပြစ်သူသိလို့ထင်ခေါင်းလေးအသာငုံ့ကာသူရိန်နဲ့အကြည့်ချင်းမဆုံရဲပဲထိုင်နေရာကထကာတရွေ့ရွေ့နဲ့အနောက်ဆုတ်သွားကာသူရိန်နဲ့သူ့ကြာကနေရာလွတ်ကိုပိုမိုကျယ်ပာန့်အောင်လုပ်လိုက်ကာလက်အချင်းချင်းဆုတ်နယ်နေသည်။

သူရိန်ကုတင်ပေါ်ပြန်ထိုင်နေရာမှထရပ်လိုက်သည်။
သူထလိုက်တာနဲ့တုန်သွားတဲ့ခန္တာကိုယ်သေးသေးလေးကြောင့်ပြုံးချင်ချင်ဖြစ်သွားသော်လည်းမျက်နှာအမူအယာကိုထိန်းချုပ်လိုက်ကာမျက်နှာထားကိုတည်ချထားလိုက်သည်။

ပြီးတော့လက်နှစ်ဖက်ကိုနောက်ပစ်လို့ထိုခလေးနားကိုတိုးသွားလိုက်သည်။
အနောက်ကိုဆုတ်ဆုတ်သွားသည့်ခန္တာကိုယ်လေးကနံရံနဲ့ကပ်သွားတော့မှဆက်ဆုတ်စရာမရှိတော့ပဲအရည်လဲ့နေတဲ့မျက်ဝန်းတောက်တောက်လေးတွေနဲ့
မော့ကြည့်လာကာသူရိန်မျက်နှာထားကိုတွေ့လိုက်ရတော့အောက်နှခမ်းကိုအသာကိုက်ကာအပြစ်ရှိစိတ်ကြောင့်ခေါင်းကိုပြန်ငုံ့သွားပြန်သည်။

"ဆိုတော့...."

သူစကားစရုံပင်ရှိသေးတုန်သွားပြန်တဲ့ခန္တာကိုယ်လေးကြောင့်ပြုံးချင်စိတ်ကိုနှခမ်းကိုနာနာလေးကိုက်လို့တားဆီးလိုက်ကာစကားထပ်ဆက်လိုက်သည်။

"မင်းကကိုယ့်ကိုဒီလိုနည်းနဲ့အမိဖမ်းချင်တာလား?"

သူ့စကားကြောင့်ပြူးကြောင်ကြောင်လေးမော့ကြည့်လာတဲ့ကောင်လေးကအဟုတ်ကိုပင်ငြင်းဆိုချင်စရာမရှိအောင်ချစ်စရာကောင်းလွန်းလှသည်။

စာအုပ်ထဲကဗီလိန်တစ်ယောက်တဲ့လားWhere stories live. Discover now