အပိုင်း-၆

1.4K 79 0
                                    

<Unicode>

ကြာပင်ကသူ့လျှာပေါ်ရောက်သည်နှင့်အရင်အတိုင်းပင်သူအရာသာမခံနိုင်ခင်မှာတင်အရည်ပျော်သွားကာခန္တာကိုယ်တစ်ခုလုံးကပေါ့ပါးလန်းဆန်းသွားကာမည်သည့်နာကျင်မှုမျိုးကိုမှမတွေ့ရတော့ပဲအလွန်နွေးထွေးသည့်စွမ်းအင်စီးကြောင်းငယ်လေးကသာခန္တာကိုယ်ထဲလှည့်ပတ်စီးဆင်းနေသည်ကိုခံစားမိနေကာသူ့ရဲ့စွမ်းအားနှစ်မျိုးကိုသန့်စင်ပေးကာအဆင့်မြင့်တင်ပေးနေသည်။

လမင်းကြီးကတဖန်ပြန်ဝင်သွားကာနေမင်းကြီးပြန်လည်ထွက်ပေါ်လာသည်အထိသူရိန်ရဲ့ကြင့်ကြံနေမှုကမရပ်တန့်သေးပဲကြာပင်တစ်ပင်လုံးကုန်သွားမှရပ်တန့်ပစ်လိုက်လေသည်။

Dအဆင့်ထိမြင့်တက်သွားတဲ့စွမ်းအားတွေကြောင့်သူရိန်စိတ်ကျေနပ်စွာနှခမ်းထောင့်စွန်းတို့ကအပေါ်သို့မြင့်တက်သွားရသည်။
အခုဆိုသူကစွမ်းအားရှင်ဖြစ်သွားပြီဖြစ်ကာမိုးကြိုးစွမ်းအားအဖွဲ့အစည်းထံပြန်နိုင်ပြီဖြစ်ကာသူ့ကိုစိတ်ပူနေတော့မည်အဖေနဲ့ဖေဖေကိုသွားတွေ့ရပေတော့မည်။

သူရိန်ရဲ့အကြည့်တွေကရေကန်ထဲကကြာပင်ကြီးပေါ်‌ရောက်သွားကာအတွေးများနေပြီးနောက်‌တစုံတခုကိုဆုံးဖြတ်ချက်စလိုက်သလိုနှင့်ခေါင်းည်မ့်ကာဓာမြှောင်ကိုအသုံးပြုကာသူ့ရဲ့လက်ဖဝါးကိုလှီးလိုက်သာထွက်လာတဲ့သွေးတွေကိုကြာပန်းပွင့်လေးပေါ်တစက်ချင်းစီကျဆင်းစေလိုက်သည်။

မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်ထဲကအတိုင်းသာဆိုဗီဇပြောင်းမျိုးကွဲးအပင်တွေကလုံလောက်တဲ့စွမ်းအင်ကိုသာရရှိရင်အသွင်ပြောင်းလဲနိုင်မှာပင်ဖြစ်ကာသူတို့အလိုအပ်ဆုံးကစွမ်းအားရှင်တွေရဲ့သွေးပင်ဖြစ်ကာစွမ်းအားရှင်ရဲ့သွေးကိုသာရရှိပါကနှစ်တစ်ရာလောက်အသွင်ပြောင်းဖို့စောင့်ရမယ့်အပင်တောင်နှစ်အနည်းငယ်အတွင်းအသွင်ပြောင်းလဲနိုင်လိမ့်မယ်

သူကဒီအပင်ကိုပျိုးထောင်ရန်ဆုံးဖြတ်ပြီးပြီးမလို့ဒီအပင်လိုအပ်တဲ့အရာတွေကိုလည်းသေချာပေါက်လုပ်ဆောင်ပေးရမှာပေါ့...

ကြာပန်းပင်လေးက‌သခင်ဖြစ်သူရဲ့သွေးစက်တွေကိုစုပ်ယူလိုက်ကာသန့်စင်လိုက်ပြီးအရင်ကထက်ပိုတောက်ပလာပုံပေါ်ကာအမွှေးနံ့တွေကပိုမိုမွှေးကြိုင်လာကာကြာပန်းပွင့်ဖက်လေးတွေကသူရိန်ရဲ့လက်ကိုပွတ်သပ်ကာချွဲလာလေသည်။

စာအုပ်ထဲကဗီလိန်တစ်ယောက်တဲ့လားWhere stories live. Discover now