Chapter 110

34 7 0
                                    

🦊Arc 8 - အမှားယွင်းဆုံး အမျိုးသားဇာတ်ဆောင်
Chapter 110
8.2 - ဘုရင်က ဟိုတလောတည်းက နေမကောင်းဖြစ်နေခဲ့တာ

အသင်းသည် မကြာသေးခင်ကပင် စွမ်းရည်အသုံးပြုသူနှင့် ဇွန်ဘီတို့အကြားမှ အလယ်ပိုင်းနေရာတွင် တိုက်ခိုက်ခဲ့ကြရ၏။

မြို့တွင် အုပ်ချုပ်သူမရှိသော်လည်း ဘုရင်မှနှင်ထုတ်ထားသော အဆင့်မြင့်ဇွန်ဘီအချို့က အခြေချနေသည်ဟူသည့် ကောလဟလများကမူ ထွက်ပေါ်နေခဲ့သည်။

အဆိုပါဇွန်ဘီတို့သည် အလွန်အကျွံစွမ်းအားကြီးမားသည့်တိုင် ကံဆိုးလှစွာ မြို့အပြင်ဘက်တွင် အန္တရာယ်အနည်းငယ်ဖြင့် ရင်ဆိုင်တွေ့လာကြရပြီး မြို့လယ်အထိ မရောက်လိုက်ကြပေ။ ၎င်းတို့တွေ့လာခဲ့သည့် ဇွန်ဘီများမှာ ဉာဏ်ရည်နိမ့်ပြီးအသိမရှိသည့် အဆင့်နိမ့်ဇွန်ဘီများသာ ဖြစ်ချေသည်။ ရွှယ်လင်သည် အခြေအနေကို အမြန်ဆုံး ဖြေရှင်းလိုက်နိုင်သောကြောင့် လာကယ်သည့်လူများကို သံသယမဝင်အောင် ဆက်ဆံပြောဆိုနိုင်ခဲ့သည်။

လာရောက်ကယ်ဆယ်ပေးသူများမှာ ယန်ရှန်းအခြေစိုက်စခန်းမှဖြစ်ပြီး ဤနေရာနှင့် သိပ်မဝေးလှပေ။ ချုးဟန်နှင့်၎င်း၏အဖွဲ့သည် ထိုနေရာမှ စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်၏။ အခြေစိုက်စခန်းသည် ထိပ်ဆုံးအဆင့်မှ စွမ်းရည်အမြင့်ဆုံးအသုံးပြုသူများရှိပြီး ကြီးမားသည်ဟု မယူဆနိုင်သော်လည်း ၎င်း၏တည်နေရာမှာ အတော်လေးထူးခြားကောင်းမွန်လှသည်။ စွမ်းရည်အသုံးပြုသူများ နေထိုင်သည့်နေရာနှင့် ဇွန်ဘီများနေထိုင်သည့်နေရာကြားတွင်
လမ်းကြောင်းတစ်ခုတည်းသာရှိသောကြောင့် ထိုနေရာက နဂါးနှင့်ငါးများ အတူရောနှောနေထိုင်ကြရာနေရာပင် ဖြစ်သည်။

အကြောင်းသည်ကား ဤနေရာတွင် မည့်သည့်စွမ်းအားကြီးအင်အားမျိုးမှ ဖိနှိပ်ထားခြင်းမရှိဘဲ နေထိုင်ရာနေရာများကို မတူညီသောစွမ်းအားများဖြင့် ထိန်းချုပ်ထားကြသည်။ ချုးဟန်၏အသင်းလေးက သာမန်အသင်းတစ်သင်းသာဖြစ်ပြီး လူများစွာက ၎င်းတို့၏မျှော်မှန်းချက်အပေါ် အထင်အမြင်သေးကြသည်။ အကြောင်းမှာ ၎င်းတို့အသင်းဝင်များ၏ စွမ်းအားကလည်း မကြီးမားဘဲ မြို့အတွင်းသို့ဝင်လိုက်သည်နှင့် အနည်းငယ်မျှထိခိုက်သွားလျှင်ပင် သေနိုင်ချေအများဆုံးရှိသောကြောင့် ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: 5 hours ago ⏰

Add this story to your Library to get notified about new parts!

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now