နောက်ဆုံးတော့ အားလုံးမျှော်နေကြတဲ့ စာမေးပဲွဖြေရမဲ့နေ့ရောက်လာပါပြီ။ပထမနှစ်တွေမို့ ကျွန်တော်တို့ကနေ့လည်ပိုင်းမှဖြေရမှာ။ဖြေရမဲ့အဆောင်က ကျွန်တော်တို့မေဂျာဆောင်နဲ့ကပ်လျက် ပင်းယဆောင်။စာမေးပဲွဆိုမှ သူနဲ့ပတ်သက်တဲ့ ရယ်စရာတွေ့လို့ပြောပြဦးမယ်။စာမေးပဲွဖြေရင် ကျောင်းသားကတ်ပါရမယ်ဆိုတဲ့စည်းကမ်းရှိတယ်လေ။အဲ့တာတော့ ထားပါ။
ဒါပေမဲ့ အပြင်လူတွေကကျောင်းသားကတ်အတုလုပ်ပြီးဖြေခွင့်မရှိဘူးဆိုတဲ့စည်းကမ်းကတော့ဘယ်ကထွက်လာလဲမသိပေမဲ့ အဲ့တာကိုပြန်ဟားထားတာ။ဘာတဲ့။ဘယ်သူကစာမေးပဲွကိုအပင်ပန်းခံလာဖြေနေမှာလဲ...ကျောင်းသားကတ်အစစ်ရှိတဲ့ကျောင်းသား
တွေတောင် ဖြေချင်တာမဟုတ်ဘူးတဲ့။ဟုတ်လည်းဟုတ်ပါတယ်။ကျောင်းတက်ရတာပျော်ပေမဲ့ စာကျက်ရတာပင်ပန်းတယ်လေ။ရအောင်ကျက်ပြီးဖြေနိုင်တဲ့ခံစားချက်ကလည်းတစ်မျိုးပေါ့။ဒါနဲ့
စာမေးပဲွပဲနီးလို့လားမသိ။ဟိုလူကြီးဖုန်းတွေဘာတွေဆက်ပြီးဂျီတိုက်မနေ။cb မှာတောင်မီးစိမ်းတာမတွေ့။သူတို့လည်း အလုပ်ရှုပ်နေမှာ။ပြောရရင် လူကြီးကျွန်တော့်ကိုဖွင့်ပြောထားတာကို ဝေဝေတို့ကိုတောင်မပြောရသေးဘူး။လူကြီးကို သဘောကျတာမှန်ပေမဲ့ အချစ်ပါတဲ့သဘောကျတာမျိုးလား ကျွန်တော်မသိဘူး။ဒီအတိုင်း အကိုတစ်ယောက်အနေနဲ့သဘောကျပေမဲ့ ကျွန်တော်ပြောခဲ့သလိုမျိုး တကယ်တမ်းယောက်ျားတစ်ယောက်ကကိုယ့်ကိုလာကြိုက်တဲ့အခါ ဘယ်လိုတုံ့ပြန်ပေးရမှန်းမသိ။လက်တွေ့က ဝတ္ထုတွေထဲကလောက် လွယ်ကူမနေဘူး။
ဒါပေမဲ့ လူကြီးကိုတော့ မနာကျင်စေချင်ဘူး။ကျွန်တော့်အဖြေက ဘယ်လိုနေနေ လူကြီးနဲ့အဆက်အသွယ်မပြတ်ချင်ဘူး။
"လင်း...ဘာဖြစ်လို့လဲ"ဆိုတဲ့ဝေဝေအမေးကိုခေါင်းခါပြရင်း ပထမနှစ်တွေဝင်လို့ရပြီဆိုတဲ့အခန်းစောင့်tutorစကားကြောင့် ခဏနေဖြေမဲ့ မြန်မာစာကိုပဲအာရုံစိုက်ထားရတယ်။စာမေးပဲွကတစ်ရက်တစ်ဘာသာနဲ့ခြောက်ရက်ဖြေရမှာ။ကျွန်တော်တို့မေဂျာကတော့ မြန်မာ၊မေဂျာ01၊02၊03၊AMနဲ့ philoဖြေရမှာ။
YOU ARE READING
Love Is Hard For Otaku
Fantasyအုန်းသာကူဖန်ဘွိုင်းလေးနဲ့ဆန်ပိုင်းကိုကြီးတို့ရဲ့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးရယ်ပါ