ဒီတစ်ခါလည်း"ကောက်သွားပြန်ပြီ"ဆိုတာကို မိုင်ဒေးမှာ ထပ်တင်ရမဲ့ပုံပဲ။ကောက်တာတော့ ဘယ်သူရှိဦးမှာလဲ။ဟိုလူကြီးလေဗျာ။ပြန်တွေးရင်ရယ်လည်းရယ်ချင်။ရယ်လည်းမရယ်ရက်။ဖြစ်ပုံက ဒီလိုဗျာ။၁၄ရက်နေ့ V dayနေ့။
ရတနာပုံက ကျောက်တော်ကြီးဘုရားနားမှာဖွင့်တဲ့ကိုဘဲကြီးထမင်းဆိုင်မှာ ကျွန်တော်တို့အဖဲွ့ဆိုင်ထိုင်ကြတဲ့နေ့။V day နေ့မှာ အတန်းပျက်တဲ့လူတွေကိုအတဲွတွေလို့ထင်ကြသလို မပျက်စဖူးပျက်တဲ့ကျွန်တော်တို့ကိုလည်း စော်တွေဘဲတွေနဲ့သွားချိန်းတယ်ထင်နေကြမလားမသိ။တကယ်က ထမင်းတစ်လုပ်အတွက်အပင်ပန်းခံပြီးရတနာပုံလာတာ။
ကိုဘဲကြီးဆိုင်က ငါးသံပုရာပေါင်းနဲ့ဆိတ်ထောင်းကောင်းတယ်ဆိုပြီးလူကြီးကပြောနေတာရယ်၊စာမေးပဲွနီးခါနီးအတန်းပျက်လို့ရတဲ့နေ့ဆိုလို့ V dayနေ့ပဲရှိတော့ ကျွန်တော်တို့အဖဲွ့ရယ်။လူကြီးနဲ့မြတ်ထွဋ်ခေါင်ဆိုတဲ့အကိုကြီးရယ်ခြောက်ယောက်သား ရတနာပုံချီတက်လာတာ။
"ကဲ ပဲွဆိုလို့ စာမေးပဲွပဲကျန်တော့တာ...ကောင်းကောင်းစားပြီးအားမွေးထားကြ"
"ဟာ...အကိုကလည်း စားခါနီးမျိုမကျအောင်လို့"
"ကျောင်းသင်္ကြန်ရှိသေးတယ်မလား"
လူကြီးနဲ့ရိှုင်းသစ်စကားကြား ဝင်ပြောလာတဲ့စိုင်းစိုင်း။ စိုင်းစိုင်းကောင်မလေးကရတနာပုံကဆိုတော့ သူအပါအဝင်ကျွန်တော်တို့ဝိုင်းမှာလူခုနစ်ယောက်ဖြစ်သွားတယ်။
"သုံးလပိုင်း ခြောက်ရက်နေ့လို့တော့ကြားတယ်"
"ဒီဂျေတွေပါခေါ်မယ်ပြောတာပဲ...ပျော်စရာကြီးနေမှာ"
"အကို...အကိုတို့တုန်းကကော ကျောင်းသင်္ကြန်ရှိလား"
ဝေဝေမေးတော့ လူကြီးကခေါင်းငြိမ့်ပြတယ်။
"ရှိတယ်လေ...အဲ့တုန်းကဆို ငါရယ် မြတ်ခေါင်ရယ် ရှေ့ဆုံးကနေသွားကဲတာ...နော့ မြတ်ခေါင်"
"အင်း...အဲ့တုန်းကလူတွန်းတာတွေရှိလာရင် အကိုကပဲကိုရှင်းကိုကာပေးထားရတာလေ"
YOU ARE READING
Love Is Hard For Otaku
Fantasyအုန်းသာကူဖန်ဘွိုင်းလေးနဲ့ဆန်ပိုင်းကိုကြီးတို့ရဲ့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးရယ်ပါ