Epi-20

0 0 0
                                    


"ပြီးပြီဟေ့...နောက်ဆုံးတော့ ရိှုင်းသစ်တို့ဖလန်းဖလန်းထလို့ရပြီ"

"ဘယ်သွားကြမလဲ...ဦးပိန်လှိမ့်မလား"

"Oceanသွားကြမလား...အချိန်လည်းရသေးတော့"

philoကစောစောစီးစီးပြီးတဲ့ဘာသာဆိုတော့ ကျွန်တော့်တို့မှာအချိန်တွေပိုနေတာ။စာမေးပဲွပြီးတဲ့ရက်ဆိုတော့ အဆောင်ကလည်းရှစ်နာရီအထိခွင့်ပြုထားတယ်။တစ်ယောက်တစ်ပေါက်နဲ့ပြောနေကြတဲ့ ဝေဝေတို့ကိုကြည့်ရင်းက လူကြီးနဲ့ကျွန်တော့်အကြောင်းကိုထုတ်ပြောဖို့ဆုံးဖြတ်လိုက်တယ်။လူကြီးနဲ့ပတ်သက်ပြီး ဆုံးဖြတ်တာကကျွန်တော်ဆိုပေမဲ့ သူငယ်ချင်းဖြစ်တဲ့သူတို့ကိုတော့ သိအောင်ပြောပြထားသင့်တယ်လေ။

"မီနာစံတို့...ငါပြောစရာရှိတယ်"

"ဘာကြီးလဲ"

"အဲ့တာထက် ဘယ်သွားကြဦးမှာလဲ"

"အဲ့တာအရေးမကြီးဘူး...လင်း ပြော...ဘာပြောမှာလဲ"

"ငါ..."

"အင်း ပြောလေ"

ကျွန်တော့်စကားကိုထောက်ပေးနေကြတဲ့ဝေဝေတို့။ကာယကံရှင်ကိုတိုက်ရိုက်ပြောတာမဟုတ်တာတောင် ပါးစပ်ကတွန့်ဆုတ်နေပေမဲ့ ဝိုင်းကြည့်နေတဲ့မျက်လုံးတွေကြောင့် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်တယ်။

"ငါ...ကိုရှင်းထွဋ်ခေါင်ကို သဘောကျတယ်"

"အိုးမိုင်ဂေါ့!"

"ဝေါင်း"

"ပြောပြလာလို့တော်သေးတာပေါ့"

တစ်ယောက်တစ်မျိုးစီမှတ်ချက်ပေးလာတဲ့ ဝေဝေတို့တစ်သိုက်။

"ဒါပေမဲ့...အဲ့သဘောကျတာက အချစ်ပါတဲ့သဘောကျတာမျိုးလား ငါမသိဘူး...ငါမစဉ်းစားတတ်တော့ဘူး..."

"လင်း...နင် နင်ဟာနင်ဘာဖြစ်နေမှန်းတောင်မသိဘူးပေါ့"

"အင်း"

"အကိုထွဋ်ခေါင်ကရော...မင်းကိုကြိုက်လား"

ရိှုင်းသစ်အမေးကို ကျွန်တော်ခေါင်းငြိမ့်ပြတော့ အသံတွေကခုနကထက်တောင်ပိုကျယ်သေး။

"နင်ဘယ်တည်းကလျိုထားတာလဲ"

"မင်းကိုဖွင့်ပြောလာတာလား"

Love Is Hard For OtakuWhere stories live. Discover now