82.2(U)+(Z)

689 127 3
                                    

ဤနေရာတွင် မည်သည်မှ ရှာမတွေ့တာကြောင့် လေးယောက်သား တံခါးကပြန်ထွက်မည်အပြုတွင် ပြန်ရန်ကြံနေသော ကျန်းကျင့်နှင့် တွေ့လေသည်။

ကျန်းကျင့်က ချင်စန်း၏ ကားကို မှတ်မိသဖြင့် ငုံ့ပြီး ကားတံခါးခေါက်ကာ အရက်သောက်ထားသည့်အသံဖြင့် "ပြန်မလို့လား?ငါ့ကိုပါ ‌ပို့ပေးဦး"

သူက အရက်မူးနေရင် ကားမောင်းသည့် အကျင့်မရှိသလို တခြားသူများက သူ့ရဲ့ကားရတနာလေးကို ထိတာလည်း မကြိုက်ပေ။ ချင်စန်းက သူဒုက္ခရောက်နေတာကို သိတာကြောင့် ခေါ််လာလိုက်သည်။

"ဒါရိုက်တာကု" သူက ကုယန်ကို နှုတ်ဆက်လိုက်ပြီး ကျန်းယွီနှင့်လင်းချန်းအား ဝေ့ကြည့်လိုက်သည်။ သူ အနုပညာရှင်တွေကို သိပ်မသိသော်််လည်း မတ်စ်တပ်ထားသည့် လင်းချန်းနှင့် ကျန်းယွီကိုတော့ ကောင်းကောင်းမှတ်မိသည်။ သို့်သော်််လည်း တစ်ဖက်ညီအကိုကို သူက ပဲ စမေးလိုက်သည်။ "မင်းတို့က လာပျော််တာလား?"

"ငါတို့လူလာရှာတာ" ချင်စန်းက ကားမောင်းရင်း ဖြေလာသည်။ ကျန်းကျင့်က လုံယွဲ့ကလပ်ကို လာနေ့ကြ ဖြစ်ပြီး သူဒီနေရာနဲ့ ရင်းနှီးတာကို သူသိသည်။ ထို့ကြောင့် သူရှာနေသည့် လူ၏ သွင်ပြင်ကို တိုက်ရိုက်မေးလိုက်သည်။

"လက်ကောက်ဝတ်မှာ အမှတ်အသားပါတယ်...........ပရော််််ဖက်ဆာတစ်ယောက်?" ကျန်းကျင့်က မေးကိုထိပြီး စဥ်းစားရင်း "ငါမြင်ဖူးသလိုပဲ"

"မင်းမြင်ဖူးတယ်လား?" နောက်ခန်းက ထိုင်တဲ့လူတွေကလည်း သူ့ကို စိုက်ကြည့်လာကြသည်။ ချင်စန်းးက ကားရဲ့ ဘရိတ်ကို နင်းမိမလိုတောင် ဖြစ်သွားသည်။

သူတို့ရဲ့ အံ့အားသင့်နေသည့် အမူအရာများကြောင့် ကျန်းကျင့်က "ကြည့်ရတာ ဘားထဲမှာထင်တယ်။ ဘားထဲက သန့်စင်ခန်းထဲမှာ လူတစ်ယောက်တော့ တွေ့ဖူးတယ်။ သူ့လက်ကောက်ဝတ်က အမှတ်ကြီးက အတော််််ကြီးတယ်။ ငါငေးနေတုန်း တခြားလူတွေက သူ့ကို ပရော််််ဖက်ဆာလို့ ခေါ် လိုက်တာ ကြားလိုက်တယ်"

ချင်စန်းက အမြန်မေးလိုက်သည်။ "ဘယ်အချိန်တုန်းကလဲ?"

"အရင်ရက်တွေတုန်းကပဲ။ ဒါနဲ့ မင်းတို့က သူ့ကို ဘာလို့ ရှာတာလဲ?"

The Little Merman Book2 (mmtran)Where stories live. Discover now