အပိုင်း ( ၃၅ )

1K 23 0
                                    

အပိုင်း(၃၅)

ဘောက်နူးသည် ဇွဲပြည့်ကို နည်းနည်းလေးမှ ဂရုမစိုက် အလေးမထားပါ။
ပြောပြောဆိုဆိုလည်း မနေတော့ ဇွဲပြည့် အားငယ်နေရသည်။
သူ့အကိုလို့ သိထားတဲ့ ဒေါင်းဇောင်းကိုလည်း တစ်ခါမှမမြင်ဖူးပါ။
ဖအေတူမအေကွဲ မောင်နှမတွေပေါ့။ အကိုဒေါင်ဇောင်းကရော သူ့ကို ခက်ခက်ထန်ထန် ဆက်ဆံမှာလား တွေးကြည့်နေမိသည်။
မယားငယ် သားသမီး အငယ်အနှောင်းတွေရဲ့ သားသမီးတွေက ဒီလိုဘဲ အနှိမ်ခံရတာလားလို့ တွေးရင်းနဲ့ မျက်ရည်တွေ မျက်ဝန်းအိမ်ထဲမှာ ပြည့်တက်လာပါတော့သည်။

~~~~

" အပြူး...ညီလေး ၊ ညီလာမှ လာပါ့မလားလို့ အကိုစောင့်နေတာ။ အကို ညီ့ကို ပြောစရာရှိတယ်။ "

" အကိုက လာဖို့ခေါ်ထားပြီးမှ လာရမှာပေါ့။ အကိုက ဘာပြောမို့လဲ။ "

" အကို ညီ့ကိုချစ်တယ်။ ညီနဲ့ မခွဲချင်ဘူး။ ကျောက်ရှာတဲ့နေရာမှာ ညီနဲ့ နေ့တိုင်းတွေ့ရတော့ အကို ကျောက်ရှာရတာပျော်တယ် ၊ ဒါပေမယ့် အကို အကို့မိသားစုနဲ့ ပြန်နေရင် ညီနဲ့ တွေ့ရတော့မှာမဟုတ်ဘူး။ အဲ့ဒီအခါကျရင် အကိုညီ့ကို သတိရလာရင် ညီ့ဆီကို လာလည်မယ်နော်။ ညီအကို့ကို မေ့မသွားဘူးမလား။ စိမ်းကားမသွားပါဘူးနော်။ "

" သြော်...အကိုရယ် ၊ ဘာများလဲလို့။
အကို ညီ့ကိုသတိရရင် လာတွေ့လို့ရပါတယ်။ ညီလည်း အကို့ဆီ လာလည်မှာပေါ့။ သိပ်ပြီးမှ မဝေးတာ...ဒါပေမယ့် အကိုက ချမ်းသာ သွားပြီဆိုတော့ ကိန်းကြီးသွားမလားမသိဘူး။ "

" ဟာ...ညီကလည်း ၊ ကိန်းမကြီးပါဘူး၊ အဲ့ချမ်းသာမှုကိုလည်း အကို စိတ်မဝင်စားဘူး။ ပြီးတော့ အကိုက ကိန်းကြီးသွားမှာလည်း မဟုတ်ဘူး။ ဟောဒီက အပြူးလေးကိုဘဲ တစ်သက်လုံး ချစ်သွားမှာ။ ညီသာ အကို့ကို မထားခဲ့ပါနဲ့နော်။ ညီထားသွားရင် အကိုသေရလိမ့်မယ်။ "
ဒေါင်ဇောင်းက အပြူးလက်လေးကို ကိုင်ကာ ထပ်ခါထပ်ခါမေးနေသည်။

အပြူး ငြိမ်သက်နေသည်။ ချစ်တော့ချစ်ပေမဲ့ တအားမချစ်ရဲပါ။ အချစ်ရေးနဲ့ပတ်သက်လာရင် အပြူး ကံမကောင်းပါ ၊ ဒါကြောင့် ဘာမှမပြောဘဲ ငြိမ်သက်နေလေသည်။
ဒါပေမယ့် တိတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်းလို့ ယူဆထားတဲ့ ဒေါင်ဇောင်းက အပြူးနှဖူးလေးကို ပြွတ်ကနဲ နမ်းလိုက်သည်။
အပြူးရဲ့ နှုတ်ခမ်းဖူးဖူးလေးကို ဒေါင်ဇောင်းရဲ့ နှုတ်ခမ်းမွှေး ပေါက်စလေးတွေက စူးသွားတာမို့ အပြူး အသည်းယားသွားသည်။
ပြီးမှ သူ့နှုတ်ခမ်းကို ဒေါင်ဇောင်းက အနမ်းမိုးတွေ ရွာချပေးပါတော့သည်။

ဘ၀အထိုထို (သို့) အပြူးWhere stories live. Discover now