ch 90

178 32 0
                                    

အခန်း ၉၀


ကျောင်းကွေ့ တစ်ယောက် လဲ့ချန်တို့ကို ဖမ်းဖို့ လာတုန်း မဖမ်းနိုင်ခဲ့တဲ့အပြင် မျက်နှာကိုပါ ပါးရိုက်ခံရတဲ့လေတဲ့အချိန်ပြီးတဲ့ နောက်တစ်ရက်မှာပဲ တရားသူကြီး ချွေ့ အမြန်ချောရောက်လာ၊ ဧကရာဇ် ဝမ်စုန့် က အသက်ပြန်ရှင်လာလုနီးနီး ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ရက်တွေက ဖြစ်ခဲ့ပုံရပါတယ်။ ရက်အဖြစ်အပျက်တွေ အများကြီး ဖြစ်သွားပုံရ‌သော်လည်း သုံးရက်သာ ကုန်ဆုံးသွားခဲ့သေးသည်ပင်။

စုကျိုးမြို့ တစ်ခုလုံးရဲ့အထက်ကောင်းကင်မှာ မှောင်မိုက်သော ယင်ချီတိမ်တိုက်များနှင့် ပြည့်နေပြီး ကြီးကျယ်ခမ်းနားပြီး တန်ခိုးကြီးသော ဤရှေးဟောင်းမြို့ရဲ့ကောင်းကင်ယံ အထက် ဖြည်းဖြည်းချင်းစုရုံးလာခဲ့လျက်။

သို့သော်လည်း ထို ယင်ချီ စွမ်းအင်များမှာ ယန် ကမ္ဘာရှိ သေမျိုးများရဲ့ ပုံမှန်လှုပ်ရှားမှုကို မထိခိုက်စေပေ။

‌ဒါပေမယ့် တဖြည်းဖြည်း ယင်ချီ စွမ်းအင်များက တိုးလာသည်နှင့်အမျှ မူလက ကြည်လင်သော ကောင်းကင်မှာ နေ့ခင်းဘက်တွင် တိမ်များကထူထပ်သွားလေပြီ။ တရုတ်နိုင်ငံတောင်ပိုင်းတွင် မကြာသေးမီက ဆောင်းဦးရာသီအစဖြစ်သည့် နိုဝင်ဘာလတွင် အပူချိန်က ဝူရှီ နှင့် ရှန့်ဟိုင်း ကဲ့သို့သော မြို့တစ်ဝိုက်ရှိ မြို့အများအပြားတွင် အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့သည်။ သို့သော်လည်း စုကျိုးမြို့ မှာ အေးမြနေဆဲ။

ညအချိန်၌ ယင်ချီတို့မှာ မိုးအဖြစ်သို့ ပြောင်းလဲသွား ကာ မြေပြင်ပေါ်သို့ သွန်းလောင်း ရွာချကြလေ၏။

ဝူရှီ၌။

တစ္ဆေအရာရှိ နှစ်ယောက်မှာ တောင်ဘက်သို့ အချိန်အတော်ကြာ ကြောက်ရွံ့ထိတ်လန့်စွာ စိုက်ကြည့်ရင်း နောက်ဆုံးမှာတော့ စုကျိုးမြို့ရဲ့ နတ်ဆိုးက ပျောက်ကွယ်သွားပုံ ရလေသည်။ ထိုမှသာ သူတို့နှစ်ဦးလုံး သက်ပြင်းချကာ အခြေအနေအကြောင်းစုံစမ်းရန် WeChat မှ အမြန်ဆက်သွယ်ခဲ့သည်။

လျန်ရှီ ၏တိုက်ရိုက်ထုတ်လွှင့်မှုပြီးဆုံးသည်နှင့်တပြိုင်နက် ဝူရှီ တ‌စ္ဆေအရာရှိ ထံမှ WeChat မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။

Can't save the world  by pretending to be deadWhere stories live. Discover now