ch 82(part 1)

221 39 1
                                    

အခန်း ၈၂

ရန်သူက လာနေပြီဆိုတော့ ဒီအချိန်မှာ သရဲတစ္ဆေဖမ်းဖို့ စဉ်းစားနေစရာ မလိုတော့ချေ။ လျန်ရှီက ကင်းစောင့်ကို ဖုန်းဖြင့် တိုက်ရိုက်ပြန်ခေါ်ပြီး ကျောင်းကွေ့ ကိုပါ ပြန်ခေါ်လိုက်သည်။

ထိုအချိန်တွင်၊ ဂျူနီယာရွှမ်ရှုန်း စုကျောင်း ပင်လျှင် ကြိုးချည်ခံထားရပြီး လဲ့ချန်တို့အဖွဲ့၏ အဖွဲ့ဝင်ဖြစ်လာခဲ့လေပြီ။

စုကျောင်း က အရမ်းစိုးရိမ်သွားပြီး "ဒီကိစ္စထဲ ငါ့ကို  မဆွဲထည့်ပါနဲ့ တော်ကြာ ကြားထဲဝင်ညှပ်ပြီး အမြှောက်စာလေး ဖြစ်သွားအုံးမယ်"

မထင်မှတ်ပဲ၊ နောက်တစ်စက္ကန့်မှာ လျန်ရှီ "ငါ မင်းကို မဆွဲထည့်ပါဘူး" လို့ပြောလိုက်၏။

စုကျောင်း: "???" ဒါဆို မင်းငါ့ကို ပွဲကြည့်ပရိသတ်အဖြစ်လာ​ခေါ်​နေတာလား?

လျန်ရှီ - "မင်းရဲ့ဦးလေးမှာ ဘာအကြံဉာဏ်တွေရှိလဲ ငါတို့ကို ကူညီပေးနိုင်မလားဆိုတာ သိချင်လို့လေ တစ်ခုခုဆို မင်းဦးလေးဆီ ချက်ချင်းဆက်သွယ်လို့ ရအောင်လို့ ငါမင်းကို ဒီကိုခေါ်ခဲ့တာ။"

စုကျောင်း၊ အမျိုးစုံသောကိရိယာလူသား- "..."

ယုံယုံမယုံယုံ ငါ အခုချက်ချင်း အိမ်ကနေ ထွက်ပြေးရဲ‌တယ်နော်။

ကင်းစောင့်နှင့် ကျောင်းကွေ့ ကို လမ်းတစ်ဝက်တွင် ပြန်ခေါ်ခဲ့၍ အဖြစ်အပျက်ကို နှစ်ယောက်လုံး မသိခဲ့ကြပေ။ ကျယ်ဝန်းပြီး သပ်ရပ်သော ဧည့်ခန်းတွင်၊ လေးလံသော ကုလားကာများကို တင်းတင်းကျပ်ကျပ် ဆွဲထားပြီး အခန်းအတွင်း လရောင် သို့မဟုတ် မြို့ရဲ့နီယွန်အလင်းများ ဝင်လာခြင်းမှ တားဆီးထားလေ၏။ လျန်ရှီ ခပ်မှိန်မှိန်အဝါရောင်မီးအလင်းရောင်ကိုသာ ဖွင့်ထားသောကြောင့် သူတို့ငါးယောက် ဆိုဖာပတ်လည်တွင် ထိုင်လိုက်သောအခါတွင် ညဉ့်နက်ပိုင်း တစ္ဆေခေါ်တဲ့ပွဲကဲ့သို့ ထူးဆန်းသော အငွေ့အသက်များနှင့်ပြည့်နေလျက်။

ကင်းစောင့်က ရယ်မောပြီး ချော့မော့ပြောလိုက်ရာ
   
" သခင်လေး ကျွန်တော်မျိုးက တစ္ဆေသုံးကောင် ဖမ်းပြီး၊ လေးကောင်မြောက်ကို ဖမ်းတော့မလို့ လုပ်တုန်း သခင်လေးက  မြန်မြန် ပြန်လာဖို့ပြောလို့ အခု လေအရှိန်နှုန်းနဲ့ပြန်လာတာ၊ သခင်လေး ကျွန်တော်မျိုးကို ဘာခိုင်းစရာ ရှိလို့လဲဗျ၊သခင်းလေးသာ ခိုင်းရင်  ကျွန်တော်မျိုးက၊ အသက်ကိုရင်းပြီး မီးတောင်ကိုကျော်ပြီး ဓားပင်လယ်ကို ဖြတ်ခိုင်းရင်လည်း ကျွန်တော်မျိုးက ဆောင်ရွက်ပေးမှာပါ"

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now