အပိုင်း (၇)

185 26 1
                                    

ထိုအချိန်တွင် လင်းသည် အတိတ်က အဖြစ်အပျက်တစ်ခုကို သတိရမိသည်။ 

ဒါဟာ အတိတ်က အဖြစ်အပျက်လို့​တော့အတိအကျမဆိုနိုင်ပေ၊ မနီးမဝေးက ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ဟောင်း တစ်ခုပါ။ 

စုန့်ကျန်းရှုသည် အစပိုင်းတွင် ယခုအချိန်​လောက်​ပေါ်လွင်မှုမရှိခဲ့ပေ။ လင်း သူ့ဖိုင်တွေကို ဖတ်ခဲ့ဖူးသည်။ သူ့ဘဝတစ်လျှောက်လုံးမှာ သူဟာဉာဏ်ရည်ဉာဏ်သွေး နည်းနည်းလေးမှတဲ့ အထီးတစ်ကောင်ဖြစ်သည်။ 

သူ၏မျိုးရိုးဗီဇအကဲဖြတ်မှုတွင် D-Grade ၏အစွန်းကိုထိရုံမျှသာထိသောရလဒ်များကိုပြသခဲ့သည်။ ထိုထက်အားနည်းပါက ဇာဂ့်ကမ္ဘာဖြစ်နေလျှင်တောင် သူ့ကိုသတ်ပစ်ရန် ရွေးချယ်မည်ဖြစ်သည်။ 

နောက်ဆုံးတွင်၊ ထိုသို့အားနည်းသောမျိုးဗီဇများဆက်လက်တည်ရှိ​နေခြင်းသည် ဇာဂ့်တွေအတွက် ကောင်းမွန်သောအရာမဟုတ်ပါ။ 

ထိုအချိန်လောက်တွင် ဇာဂ့်ဂြိုလ်၏ ဉာဏ်ရည်ဉာဏ်သွေးဗဟိုဌာနသည် ဝိန်းကောကို ဉာဏ်တုံးသော စုန့်ကျန်းရှုနှင့်တွဲဖက်စေသည်။ 

ယခုပြန်စဉ်းစားကြည့်လိုက်မှ ထိုအချိန်တုန်းက စုန့်ကျန်းရှုရဲ့အစွမ်းအစက သူ့ကို "ကံကြမ္မာရဲ့သားတော်" လို့ ခေါ်ဝေါ်ထိုက်တဲ့ အရိပ်အယောင်တွေ ပြလာသောအချိန်ဖြစ်နိုင်သည်။

ဝိန်းကောဟာ ထိပ်တန်းအမမဟုတ်ပေမယ့် သူကအရမ်းတော်နေတုန်းပဲ။ သူ စစ်မှုထမ်းခဲ့သည်မှာ နှစ်အနည်းငယ်မျှသာ ရှိသေးပြီး အောက်ခြေမှ အ​ပေါ်သို့ရောက်​အောင် ကြိုးစားရုန်းကန်နိုင်ခဲ့သည်။ ရာထူးတိုးခြင်းတစ်ခုချင်းစီတိုင်းသည်သူ၏ခိုင်မာသော စစ်ရေးအောင်မြင်မှုများအပေါ်မူတည်၍ ရရှိခဲ့သည်။ 

သူကိုတွဲဖက်ပေးလိုက်သည့်အချိန်မှာ သူသည်ဗိုလ်မှူးကြီး ဖြစ်နေပြီဖြစ်သည်။ 

ဉာဏ်အမြော်အမြင်မဲ့သော အထီးနှင့် တွဲဖက်ခံရသည်နှင့် တပြိုင်နက် ထိုအထီးကို ပြုစုစောင့်ရှောက်ရန် ရာထူးမှနုတ်ထွက်ပြီး အနာဂတ်အတွက် မျှော်လင့်ချက်မဲ့ပြီး အိမ်တွင် ချုပ်နှောင်ထားခံရပေလိမ့်မည်။ 

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)Where stories live. Discover now