အပိုင်း (၄၄)

166 24 0
                                    

အပိုင်း(၄၄)

လေလံပြီးဆုံးသည့်နောက်တွင် လင်းက ဆေးရုံသို့သွားလေသည်။ သူ့မှာ ဝိန်းကောကို မေးစရာတစ်ခုရှိသည်ဟု ပြော၏။

လု့မော့မှာ စပ်စုချင်မိသော်လည်း သူ့ရဲ့စရိုက်က စပ်စုရန် ခွင့်မပြုနေပေ။

သူ လင်းရဲ့ လက်ကိုသာ ဆွဲကိုင်ကာ ခြိမ်းခြောက်လိုက်ပြီးမှ စိတ်အေးချမ်းသာစွာဖြင့် အိမ်ကိုပြန်ခဲ့လိုက်သည်။

ပြန်မလာခင်မှာ သူ ကျင်းချီရဲ့ နံပါတ်ကိုလည်း ရလာခဲ့သေးသည်။ ကျင်းချီ ဒီဇာဂ့်အထီးက အမြဲတမ်း သူ့ဆီ ကံကောင်းမှုတွေ ယူဆောင်လာတတ်ကြောင်း သူတွေ့ခဲ့သည်။ သူတို့တွေ့ဆုံကြတဲ့အကြိမ်တိုင်း သူ့ရဲ့ ငါးဆားနူအမှတ်တွေက မိုးသို့ထိုးတက်လာတတ်ပြီး သူ ကျင်းချီဆီကနေ ရှားရှားပါးပါး ဗဟုသုတတွေ လေ့လာနိုင်မည်ဖြစ်ကာ ဒါက တစ်ကယ့်ကို ရှားပါးအရည်အချင်းတစ်ရပ်ပင်။

လု့မော့မှာ ကျင်းချီရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်လာဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

သူ ကျင်းချီဆီ လက်ဆန့်ကာ ပြောလိုက်၏။

"နောက်တစ်ကြိမ် ထပ်တွေ့ဆုံနိုင်ဖို့ မျှော်နေပါ့မယ်"

မစ္စတာကျင်းချီမှာ တောင့်တင်းစွာ လက်ဆွဲနှုတ်ဆက်လာပြီး သွားကြားထဲမှ စကားလုံးအချို့ ဖြစ်ညစ်ပြောလာ၏။

"ဝမ်းသာပါတယ်ဗျာ"

သူအိမ်ပြန်ရောက်တဲ့အချိန်က ညအတော်လေးနက်နေလေပြီ။

လု့မော့မှာ ကျယ်ဝန်းကာ နူးညံ့တဲ့ဆိုဖာပေါ်၌ အမှတ်တမဲ့ထိုင်ချလိုက်ကာ လက်ထဲ၌ လတ်လတ်ဆတ်ဆတ် ဖျော်ထားတဲ့ ခွက်တစ်ခွက် ကိုင်ထားလေသည်။ သူ့နှာသီးဖျား အသက်ရှူသံကြား၌ နှင်းဆီရောင် အငွေ့ဝါးဝါးလေးတွေ ရစ်ဝဲနေ၏။

[လု့မော့]

သူ system ကို သာမန်ကာသျှံကာသာ ပြန်ဖြေလိုက်သည်။

[ဘာကိစ္စလဲ]

[အမှန်တော့... ငါ မင်းကိုမေးချင်နေတာ...... မင်း လင်းကို ချစ်မိသွားတာလား..]

system ရဲ့ အသံမှာ စိုးရိမ်နေပုံပေါ်ကာ တွန့်ဆုတ်တွန့်ဆုတ် မေးလာသည်။

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)Where stories live. Discover now