အပိုင်း (၂၆)

163 27 0
                                    

အပိုင်း-၂၆ (ကြိုက်ရတဲ့ အကြောင်းအရင်း)

"ဘာ၊ မင်းဘာပြောလိုက်တယ်"

စုန့်ကျန်းရှု၏ မျက်လုံးများမှာ လု့မော့ကို စိုက်ကြည့်ရင်း နီရဲနေလျှက် "မင်းပြောတာ.... သွေးစာချုပ်လား"

လု့မော့သူ့မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်မှာ ကြောင်ကြီးတစ်ကောင်သဖွယ် ကသိကအောက် ဖြစ်စရာကောင်းလှသည်။ လု့မော့သည် လင်းကို လျှာလေးထုတ်ကာ နှုတ်ခမ်းထောင့်လေးကို ဖြေးညှင်းစွာ လျှက်လိုက်ပြီး လင်းရဲ့ စီးကရက်ကို လျှာဖျားလေးနဲ့ ယူကာ သွားကြားထဲ ဖွဖွလေးကိုက်လျှက် အပြုံးနုနု လေးဖြင့် " ဒီနေ့က သာယာတယ်နော်" လို့ပြောလိုက်သည်။

"ငါ့ကို ဖြေ" စုန့်ကျန်းရှု တစ်ယောက်တော့ ထိုလူ၏ မျက်နှာကို နှစ်ခြမ်းဆွဲမဖြဲဘဲ မနေနိုင်တော့ပါဘူး။ "မင်း လင်းကို ဖိအားပေးနေတာလား"

"မင်းက သိပ်ရယ်ဖို့ကောင်းတာပဲ" လု့မော့ အံကြိတ်လိုက်ပြီး ပြုံးနေတာကိုရပ်လိုက်ကာ မချိုမချဉ်ပြုံးလိုက်သည်။ "တစ်ဖက်လူက ဆန္ဒမရှိရင် သွေးစာချုပ်က မဖြစ်နိုင်ဘူးဆိုတာ မင်းမေ့နေတာလား"

စုန့်ကျန်းရှု၏ မျက်နှာမှာ တစ်မဟုတ်ချင်း ဖြူဖျော့သွားသည်။ ဟုတ်တာပဲ။ တကယ်လို့ ဒါက စာချုပ်အစစ်ဆို အမဘက်က တွန့်ဆုတ်နေရင်တောင် သူ့(လု့မော့) လုပ်ပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ သွေးစာချုပ်၊ သွေးစာချုပ်က ကွဲပြားတယ်လေ။ တစ်ဖက်ဖက်ကသာ တွန့်ဆုတ်မှု ရှိနေခဲ့မယ်ဆိုရင် ဒီစာချုပ်က ဖြစ်လာနိုင်မှာ မဟုတ်ဘူး။

စုန့်ကျန်းရှု လင်းကို ပူဆွေးမှုပြည့်နေသည့် မျက်လုံးနှင့်ကြည့်လိုက်ပြီး သူ့နှလုံးသားမှာ လဲ ဝမ်းနည်းမှု တွေဟာ, မြစ်တစ်စင်းသဖွယ် စီးဆင်းနေတော့သည်။

"မင်း ကအရမ်း အံအားသင့်စရာကောင်းတာပဲ" စုန့်ကျန်းရှုက ညှိုးငယ်စွာ ပြောလိုက်သည်။ "မင်းကြောင့် နက်နက်ရှိုင်းရှိုင်း နာကျင်ရတယ်"

တကယ်လို့ လင်းသာ သူ့(လု့မော့)ကို အလေးအနက် မချစ်ခဲ့ဘူးဆိုရင် သူနှလုံးသားတွေ ကွဲကြေရလောက်အောင် အဲ့ဒီ့ အဆင့်နိမ့်ကောင်ရဲ့ သွေးစာချုပ်ကို တကယ်ကြီးလက်ခံမှာလဲ။ တကယ်လို့ သူနှင့်လင်းသာ သွေးစာချုပ် ချုပ်ဖြစ်ရင် သူ S level လောက်ကို ခုန်ကျော်သွားနိုင်လောက်သည်။ စုန့်ကျန်းရှု မျက်လုံးကို မှိတ်လိုက်ပြီး သူ့နှလုံးသားတစ်ခုလုံး နောင်တတရားနှင့် ပြည့်နှက်နေတော့သည်။

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)Where stories live. Discover now