အပိုင်း (၄၂)

70 13 0
                                    

အပိုင်း(၄၂)

လု့မော့ရဲ့ လှုပ်ရှားမှုကို မမျှော်လင့်ထားမိတာကြောင့် လု့မော့ သူ့ရဲ့လည်ပင်းကို လက်ဖျံနဲ့ဖိချလာတဲ့အခါ သတိလက်လွတ်ဖြစ်သွားရသည်။ သူ နောက်ကို ခြေတစ်လှမ်းဆုတ်သွားကာ သူ့ကျောက နောက်ဘက်က မာကျောတဲ့နံရံနဲ့ တိုက်မိသွားသည်။

လု့မော့က လင်းထက် နည်းနည်းလေးအရပ်နိမ့်တာကြောင့် ရှေ့မှီချလိုက်တဲ့အခါ သူ့နှာခေါင်းထိပ်နဲ့ လင်းရဲ့မေးရိုးတစ်လျှောက် ပွတ်ဆွဲသွားကာ ခြိမ်းခြောက်ဟန်ပြောလိုက်သည်။

“ပြော”

လေလံပစ္စည်းတွေကို သေချာမြင်ရစေရန်အတွက် လေလံခန်းမကြီးတစ်ခုလုံးက အလင်းတွေမှာ မှိန်ဖျော့နေကာ စင်အလယ်တည့်တည့်က စလိုက်မီးတစ်ခုသာ လင်းထိန်နေသည်။

တာဝန်ခံက သူ့အလုပ်သူ ကြိုးကြိုးစားစားဆက်လုပ်နေကာ လာရောက်သမျှဧည့်သည်တိုင်းကို ကျေးဇူးတင်စကားပြောနေပြီး အထူးသဖြင့် သူ့ရဲ့ ဒီပရဟိတလေလံပွဲမှာ အကုန်လုံးထောက်ပံ့ပေးသွားတဲ့ လု့မော့ကိုပင်။

ဝိန်းကောပါတဲ့ လှောင်အိမ်ကို အောက်ချလိုက်ပြီး သူ့မှာ ပိုင်ရှင်အသစ်ရှိသွားပြီဖြစ်တာကြောင့် ကောင်းမွန်တဲ့ဂရုစိုက်မှုနဲ့ ဆေးကုသမှုတွေ လက်ခံရပေလိမ့်မည်။ သူ့ရဲ့ပြိုကွဲနေပြီဖြစ်တဲ့ စိတ်စွမ်းအင်က ပြန်ပြုပြင်လို့မရတော့ပေမဲ့ အနည်းဆုံး တစ်ခဏတာတော့ အသက်ကိုခြိမ်းခြောက်နိုင်တဲ့ ဘာအန္တရာယ်မှ မရှိတော့ပေ။

တာဝန်ခံရဲ့ ကြည်လင်တဲ့အသံက လေလံခန်းမထဲ ပဲ့တင်ထပ်နေကာ လိုက်ဖက်ပြီး သာယာနာပျော်ဖွယ် တေးသွားနဲ့အတူ ခန်းမထဲ ပျံ့လွင့်နေသည်။

“လူကြီးမင်းကျင်းချီ... ခင်ဗျား ကျွန်တော်တို့ကို ရှင်းပြချက်တစ်ခုတော့ ပေးသင့်တယ်... ဇာဂ့်အမ ကိစ္စက ဘယ်လိုဖြစ်ရတာလဲ”

“ခင်ဗျား... ကျွန်တော်တို့ကို တမင်သက်သက် အရှက်ရအောင် လုပ်ချင်တာလား”

ကျင်းချီမှာ ဒေါသတကြီးဖြစ်နေကြတဲ့ အဆင့်အတန်းမြင့် ခေါင်းမာတဲ့လူတွေနဲ့ ရင်ဆိုင်ရင်း ပြောလိုက်သည်။

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)Where stories live. Discover now