အပိုင်း (၆)

197 29 2
                                    


လွန်ခဲ့တဲ့ နာရီဝက်လောက်တွင်။ 

လင်း၏ ပုံမှန်လုပ်ရိုးလုပ်စဥ်သည် အမြဲတစ်သမတ်တည်းဖြစ်သည်။ ညဘက် သူညဉ့်နက်မှအိပ်ပျော်သွားရင်တောင် မနက်သူပုံမှန်အိပ်ရာထချိန်တွင် နိုးသည်။ 

သူနှင့်အတူ သယ်ဆောင်လာသော ထိန်းချုပ်ကိရိယာထဲမှ အသစ်စက်စက် ဆက်သွယ်ရေးစက်တစ်ခုကို ထုတ်ယူလိုက်သည်။ 

ဆက်သွယ်ရေးစက်က စစ်ဘက်ဆိုင်ရာအသုံးပြုဖို့နဲ့ အလုပ်ကိစ္စအတွက် အထူးထုတ်ထားတာဖြစ်သည်။ဆက်သွယ်ရေးစက်ကို ဖွင့်လိုက်တာနှင့် စခရင်သည် အကြောင်းကြားချက်မက်ဆေ့ချ်သံ ဒီ-ဒီ-ဒါ-ဒါနဲ့ မရပ်မနားမြည်နေတော့သည်။တစ်ဖက်သားက သူ့သွားတွေကို ကြိတ်ပြီး ဒီမက်ဆေ့ချ်ပို့လိုက်ပုံကိုပင် မြင်ယောင်ကြည့်လို့ရသည်။ 

[ဘော့စ်၊ဘော့စ် ဘယ်ရောက်နေတာလဲ]

[ဘော့စ်ပြန်မလာရင် ကျွန်တော်သေရတော့မှာ၊ စစ်တပ်ကကြောက်စရာအိုကြီးအိုမ အမတွေက ဘယ်လိုမျိုးနှိပ်စက်တာလဲဆိုတာသိတယ်မလား] 

[ဘော့စ်၊ အမှုတွဲတွေ တကယ်အများကြီး ရှိတာလား။ ဘော့စ်က စစ်တပ်အရာရှိမဟုတ်ဘူးလား]

[ကျွန်တော်ဘော့စ်ကို မက်ဆေ့ချ်ပို့နေတာကို အစည်းအဝေးမှာ မိသွားတယ်။ အခု ကျွန်တော် စကားလုံး၈၀၀၀လောက်ရှိတဲ့သုံးသပ်ချက်ကိုရေးရတော့မယ်]

[ဘော့စ်၊ ကူညီပါဦး]

မက်ဆေ့ချ်အရေအတွက် တော်တော်လေးကိုများသည်။ ပြီးခဲ့တဲ့နာရီနှစ်ဆယ် အတွင်းပို့ထားတာ ခန့်မှန်းခြေ အားလုံးပေါင်းအခုတစ်ရာလောက်ရှိလိမ့်မည်။ အားတဲ့အချိန်တိုင်း မက်ဆေ့ချ်တွေ တဒီဒီဒီ ပို့ခဲ့တာဖြစ်မည်။

လင်းသည် များပြားလှတဲ့မက်ဆေ့ချ်တွေကို ဖျက်လိုက်ပြီးနောက် သူရဲ့အရင်းနှီးဆုံးလက်အောက်ငယ်သားဆီကို မက်ဆေ့ချ်ရိုက်ပို့လိုက်သည်။ 

[စုန့်ကျန်းရှု ကိုတားလိုက်]

ဆက်သွယ်ရေးစက် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကတိုက်ကရိုက်မြည်လာခဲ့သည်။ 

[Fuck ဘော့စ် ဘော့စ် အသက်ရှင်နေသေးတာလား အားးး]

[မဟုတ်ဘူး ဘော့စ်၊ ပြောတာအရမ်းနောက်ကျသွားပြီ၊ စုန့်ကျင်းရှု က ဘော့စ်ကိုရှာဖို့ အာကာသယာဥ်ပေါ်တောင်ရောက်နေပြီ]

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)Where stories live. Discover now