အပိုင်း (၆၀)

255 28 1
                                    

အပိုင်း(၆၀)

လု့မော့သည် စုန့်ကျန်းရှု လိုစိတ်ဒဏ်ရာရနေတဲ့ ဇာဂ့်အမတွေရဲ့နှလုံးသားကို မနွေးထွေးပေးနိုင်သလို ကျင်းချီ လိုနာမည်ကြီးတစ်ယောက်လည်း မဟုတ်ပေမယ့် လု့မော့ တိုက်ရိုက်လွင့်အခန်းမှာ ဒီမတိုင်ခင်က သုံးကြိမ်တောင် ပါဖူးသည်။ 

ဒါပေမယ့် သူသည် လူပြောအများဆုံးနှင့် အငြင်းခုံရဆုံး ဇာဂ့်အထီးဖြစ်သည်။

သူ၏အထက်စီးဆန်ပြီး အကြောင်းပြချက်မရှိ အပြောင်းအလဲမြန်မှုတွေကို သဘောကျသော ဇာဂ့်များသည် သူဒေါသထွက်နေသော အချိန်ကို တွေ့တိုင်း လှောင်အိမ်အောက်က ရယ်စရာကောင်းသော အကောင်လို ကွေ့ပတ်သွားသည်။ 

တစ်ဖက်တွင်တော့ သူ့ကိုမုန်းတီးရသည့်အကြောင်းအရင်းမှာ များလှသည် ဒီဇာဂ့်အထီးသည် ခေါင်းမှခြေအဆုံးထိ ဇာဂ့်အထီး၏အပြစ်အနာအဆာများ ရှိနေသည်။ လု့မော့သည် Aအဆင့်ဇာဂ့်အထီးဖြစ်သော်လည်း သူတို့ကို ရွံရှာသည်။ 

သူ့၏ပရိသတ်ဖြစ်စေ မုန်းတီးသူဖြစ်စေ တခြားဇာဂ့်အထီးများ၏ ပရိတ်သတ်များထက် ပိုပြီးအတိုက်ခိုက်ကျွမ်းသည်။ StarNetတွင် “လု့မော့” နာမည်ပေါ်လာသည့် ၁၀မိနစ်အတွင်း သွေးလွှမ်းသည့် တိုက်ပွဲမြေပြင်ဖြစ်သွားသည်။ 

တစ်ခါကဆိုလျှင် လု့မော့ပရိသတ်တစ်‌ယောက် ဇာဂ့်အထီးတစ်ကောင်တည်း များစွာသော ပြိုင်ဖက်များနှင့် စကားလုံးတိုက်ပွဲတွင် သူ့မြေပြင်အဖြစ်အောင်နိုင်ခဲ့သည်။ တစ်ရက်ထဲနှင့် သူသည် လု့မော့၏ နှောက်ယှက်သူများ တစ်ယောက်ချင်းစီကို အကြောင်းပြချက် အထောက်အထားများဖြင့် ကျွမ်းကျင်စွာ ငြင်းခုံခဲ့သည်။

မိသားစုဝင်များအထိ စော်ကားပြောဆိုသည့်အဆင့်ကနေ အကြောင်းပြချက်မရှိ ဒေါသထွက်နေသော အခြေအနေမှ နောက်ဆုံး ပုတ်ခတ်ပြောဆိုသူအားလုံး ပြောဆိုစရာမရှိတော့ဘဲ တိတ်ဆိတ်သွားရသည်။ 

ဒီသေးငယ်တဲ့ဥပမာအရပင် တိုက်ရိုက်လွှင့်သည့်အချိန် လု့မော့ နာမည်ပေါ်လာတိုင်း ယောက်ယက်ခက်ကာ သွေးလွှမ်းသည့် အခြေအနေမျိုးဖြစ်နေတတ်သည်။ 

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)Where stories live. Discover now