အပိုင်း(၄၃)
လု့မော့ ခေါင်းကုတ်လိုက်မိသည်။
လင်းတစ်ယောက် အခုလိုအချိန်မျိုးမှာ ဒီအတိတ်အကြောင်းတွေဖွင့်ချလာလိမ့်မယ်လို့ သူမထင်ထားခဲ့မိ။
ဒါပေါ့ လင်းရဲ့အတိတ်က အတော်လေးရှုပ်ထွေးမယ်ဆိုတာတော့ သူခံစားနိုင်ပါသည်။ သူ့ရဲ့တစ်စတစ်စကြီးမားလာတဲ့ ခံစားမှုထဲမှာ အရာအားလုံးကို မထူးခြားနားသလိုနဲ့ ပျင်းရိငြီးငွေ့သလို သဘောထားလည်းပါသည်။
ဒါပေမဲ့ သူလုံးဝမထင်ထားခဲ့မိတာက အတိတ်ရဲ့အလေးချိန်က ဒီလောက်ထိ လေးလံလိမ့်မည်ဟု။
အချိန်တစ်ခဏလောက်တော့ သူ့နှလုံးသားမှာ ရေထဲအနှစ်ခံလိုက်ရတဲ့ ရေမြှုပ်လေးလို ခံစားလိုက်ရပြီး စိုစွတ်လေးလံကာ အေးစက်မှုထဲ တိုက်ရိုက်ကျဆင်းသွားရသည်။
လင်းက မစ္စတာလိုင်ယင်ရဲ့ အတိတ်အကြောင်းအများအပြား ပြောနေပြီး လု့မော့မှာ ထင်ရှားတဲ့အပိုင်းအစတွေကိုအတူစုကာ သူ့စိတ်ထဲ၌ ထင်ရှားပြတ်သားတဲ့ပုံရိပ်တစ်ခု ပုံပေါ်လိုက်နိုင်သည်။
ရွှေအိုရောင်ဆံပင် မျက်ဝန်းအပြာတွေနဲ့ သူ့ပုံစံက နူးညံ့တယ်ဆိုတဲ့အထိ ဖော်ပြလို့ရနိုင်ပေမဲ့ သူ့မှာရှိတဲ့ ဖိုသီဖက်သီနေတတ်တဲ့ အကျင့်စရိုက်က သူ့ရဲ့လက်ကျန်ကောင်းကွက်လေးအနည်းငယ်ကို ဖျက်ဆီးပစ်လိုက်၏။
ဇာဂ့်အမအနေနဲ့ သူက ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့နေရာမှာ အံ့အားသင့်စရာကောင်းလောက်အောင် တုံးတုံးအအ အပြုအမူတွေပြသတတ်သည်။ အဆိပ်သင့်နိုင်တဲ့ အစားအစာတွေတစ်ပုံကြီး ပြုလုပ်ပြီးနောက် ဝမ်းနည်းစွာညည်းညူတတ်သည်။
"ရုပ်ရှင်တွေ ဇာတ်လမ်းတွေထဲက မီးဖိုချောင်လူသတ်သမားဆိုတာက ချဲ့ကားထားပြီး ဟာသလို့ဘဲ ငါအမြဲထင်နေခဲ့တာ... ငါချက်တဲ့အစားအသောက်တွေကို ကိုယ်တိုင်ပြန်မစားမိခင်အထိပေါ့"
လင်းရဲ့ ဟင်းချက်စွမ်းရည်က ဒီလိုအတွေ့အကြုံတွေကနေတဆင့် သွေးယူထားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သည်။
အတိတ်အကြောင်းရောက်သွားတဲ့အခါ လင်းရဲ့အမူအရာက တော်တော်လေးကို နူးညံ့သွားခဲ့သည်။ မစ္စတာလိုင်ယင်နဲ့ မတွေ့ခင်မှာ သူ့ဘဝက ကြောက်ရွံ့မှုတွေ မျှော်လင့်ချက်မဲ့မှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီး သူ့ရဲ့ စူးရှပြတ်သားတဲ့ သံသယဖြစ်တတ်တဲ့ အေးစက်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ စရိုက်မျိုးကို ပုံဖော်ပေးခဲ့သည်။
YOU ARE READING
ဗီလိန်အမြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)
Научная фантастикаAssociated Name-穿成反派炮灰雄虫后[虫族] Author-牧粮人 Genre - Comedy,Fantasy,Romance,Sci-fi,Yaoi. Translated by YMMverse Novel Translation Team Just Fun Translation Crd to oringinal author and eng translator