အပိုင်း (၂၇)

204 29 0
                                    

အပိုင်း -၂၇ (နောက်နှစ်ယောက်)

မနက်စောစော နေရောင်ခြည်မှာ ပြတင်းပေါက်ကိုကျော်ပြီး ကျရောက်လာသည်နှင့် လု့မော့နိုးလာသည်။ သူရုတ်တရက် ရှုပ်ထွေးသွားသည်။ သူ့ခေါင်းပေါ်မှ မျက်နှာကျက်တွင် အပေါက်တစ်ခုမှာ သိသာထင်ရှားစွာ ရှိနေသည်။

လု့မော့သည် ပြောစရာမရှိအောင် သေသပ်သော အပေါက်ကို စိုက်ကြည့်နေပြီး သူ့ဘာသာ ဘာမျှမစဉ်းစားနိုင်ပဲ ရှိနေသည်။ဘာကြောင့် ငါ့အိမ်ခေါင်မိုးမှာ အပေါက်တစ်ပေါက်ရှိနေရတာလဲ။ ဘယ်သူက ဖောက်သွားတာလဲ။ သူတို့က တော်တော် အကြောက်တရားကင်းမဲ့တာပဲ။ သူရုတ်တရက် အံ့အားသင့်လျက် တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရသည်။ တိတ်ဆိတ်ငြိမ်သက်လွန်းနေသည်။ သူ့မြင်ကွင်းက အရင်ကထက် နည်နည်း မြင့်သွားတာလား။ သူအရင်က ဒီလိုရှုထောင့်က‌နေ နိုးလာဖူးရဲ့လား။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွေက စာမဖွဲ့လောက်ပေ။ သူအာရုံစိုက်သင့်တာက သူ့၏ ငါးဆားနူ တန်ဖိုးသာဖြစ်သည်။

လု့မော့ system ကို ခေါ်ကာ " ငါ့ငါးဆားနူတန်ဖိုး ဘယ်လောက်ရထားလဲ"

သူသည် အရင်ကလိုပင် အလုပ်ကြိုးစားသည့် လူသားအကျိုးပြုလိုမျိုးပင် အိပ်ရာနိုးသည်နှင့် သူ့အကောင့်ကို နေ့တိုင်း စစ်ကာ အသက်ရှင်နေသေးသည်ကို တွေ့လျှင် စိတ်ချလက်ချ ညည်းတွားရင်း သက်ပြင်းချ လိုက်မိသည်။ မထင်မှတ်ပဲ ဒီတစ်ကြိမ်မှာတော့ system မှ တုန့်ပြန်မှုမရခဲ့ပေ။

လု့မော့ "system. မင်းဘာဖြစ်နေတာလဲ"

လု့မော့ရှေ့တွင် အနက်ရောင်စာကြောင်းတစ်ကြောင်း တဖြည်းဖြည်း လွင့်ပျံလာသည်။

လု့မော့" မဖြစ်နိုင်ဘူး"

လု့မော့တစ်ယောက် အတွေးနယ်ချဲ့လျှက် ခေါင်းကို ငုံ့ကာ ဘယ်ဘက်လက်ဖြင့် မေးစေ့ကို ပွတ်သပ်နေရင်း ပြောင်‌ပြောင်လက်လက် အရာတစ်ခုက သူ့အာရုံကို ဆွဲဆောင်သွားသည်။ လက်သူကြွယ်ပေါ်မှာ စိန်ကွပ်ထားသည့် လက်စွပ် ရှိနေသည်။

"ဟမ်"

လု့မော့ လက်ကို ဆန့်ထုတ်လိုက်ပြီး လက်စွပ်ကို ငေးကြည့်သည်။ သူစိတ်ရှုပ်နေကြောင်းကို ဖော်ပြနေသည့် တစ်ခုတည်းသော အရာမှာ မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြစ်နေခြင်းပင်။ ရှုပ်ထွေးနေသည့် သူ့ဦးနှောက်လေး သတိပြန်မဝင်သေးချိန်တွင် ဘေးမှ စောင်သည် လှုပ်ခတ်သွားရာ လု့မော့တစ်ယောက် ထိတ်လန့်သွားကာ တုန်တုန်ယင်ယင် ဖြင့် စောင်ကို စိုက်ကြည့်ရင်း လက်တစ်ဖက်ကို မြှောက်၍ ပိုးသားစောင်ကို ဆွဲဖယ်လိုက်လေသည်။

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)Where stories live. Discover now