နံနက်ခင်းရဲ့ ရောင်ခြည်ဟာ ပြတင်းပေါက်မှတဆင့်ဝင်လာခဲ့ပြီး နူးညံ့တဲ့အိပ်ရာထက်မှ ဆယ်ကျော်သက်ကောင်လေးပေါ်ကို ဖြာကျနေတော့သည်။သူ့ရဲ့ဖြူစွတ်နေတဲ့ အသားရောင်မှာ အိပ်ထားသဖြင့်နီရဲရဲဖြစ်နေပြီး နှာဖျားထိပ်လေးဟာလည်း ချွေးစို့နေသည်။
သူအလွန်ကိုအေးအေးချမ်းချမ်းအိပ်ပျော်သွားခဲ့တာဖြစ်သည်။ များမကြာမီမှာပဲ ကြားနေကျ တံခါးခေါက်သံဟာ ထွက်ပေါ်လာခဲ့သည်။
ဒေါက် ဒေါက်
ဒေါက် ဒေါက်
"သခင်လေးလု့ နိုးပါပြီလား?"
"..."
"သခင်လေး မနက်စာစားရပါတော့မယ်။"
"..."
လု့မော့ မျက်လုံးတွေကိုဖွင့်လိုက်တဲ့အချိန်မှာသူ့ရဲ့မြစိမ်းရောင်မျက်ဆန်တွေဟာ ရွှေရောင်သန်းတဲ့နေရောင်ကြောင့် တောက်သွားကာအလွန်ဖြူစင်သော အသွင်ဆောင်နေတော့သည်။
အကယ်၍ သူ့မျက်ဝန်းထဲက စိတ်ပျက်ဖွယ်ဘဝကို လျစ်လျှူရှုလိုက်မည်ဆိုရင်တော့အရာအားလုံးကလှပနေတာအသေအချာပင်။
【လက်ထောက်Systemလေးက သတိပေးပါတယ်: အရင်လအတွက် မင်းရဲ့ငါးဆားနူအဆင့်တိုးတက်မှုက သုညပဲရှိပါသည်။ ဒီထက်ပိုပြီးကြိုးစားလိုက်ပါ။】
လု့မော့ မျက်နှာကျက်ကိုတွေတွေကြီးစိုက်ကြည့်လိုက်သည်။ ခဏအကြာမှ သူ့နှုတ်ကနေစကားတစ်ခွန်းဖွင့်ဟလာခဲ့သည်။
"ငါဒါကိုစက်ချို့ယွင်းနေတယ်လို့ထင်တယ်"
【Systemက ဘယ်တော့မှာစက်ချို့ယွင်းတာမျိုး မရှိပါဘူး】
လု့မော့ ဖြည်းညင်းစွာပဲ စောင်ကိုခေါင်းအထိခြုံလိုက်ပြီး ကွေးနေလိုက်သည်။
ဘာလို့လဲ?
ဘာလို့လဲ??
သူတကယ့်ကို ငါးဆားနူတစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ရသည်။ အခုတော့ တစ်လောကလုံးက သူ့ကိုပဲပစ်မှတ်ထားနေသလိုခံစားနေရသည်။
လု့မော့ ဒီကမ္ဘာကိုရောက်လာခဲ့တာ သုံးနှစ်ရှိပြီဖြစ်သည်။ ဒီနေရာရဲ့ဖွဲ့စည်းတည်ဆောက်ပုံကြောင့် ပထမ တစ်နှစ်လုံးစိတ်ရှုပ်ထွေးခဲ့ရသည်။

YOU ARE READING
ဗီလိန်အမြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)
Khoa học viễn tưởngAssociated Name-穿成反派炮灰雄虫后[虫族] Author-牧粮人 Genre - Comedy,Fantasy,Romance,Sci-fi,Yaoi. Translated by YMMverse Novel Translation Team Just Fun Translation Crd to oringinal author and eng translator