အပိုင်း(၄၉) - မှော်အစွမ်း
ပျားပန်းခတ်နေသော လမ်းများပေါ်တွင် ဈေးကြီးသောယာဉ်မျိုးစုံသည် ပျားများ ဆူညံလှုပ်ရှားကာ ရှေ့သို့ တန်းစီသကဲ့သို့ ယာဉ်တန်းကြီး ဖြစ်နေသည်။
လု့မော့သည် ခရီးသည်ခုံမှာထိုင်လျက် ခါတိုင်းနှင့်မတူစွာ လင်းကားမောင်းသည်ကို အနှောင့်ယှက်ပြုခြင်းအား ရှောင်ကြဉ်နေသည်။
သာမန်ကားမောင်းနေစဉ်ပင် စစ်သင်္ဘောတစ်စီး၏ ခန့်ညားထည်ဝါသော အရောင်အဝါကို ထုတ်ဖော်ပြသနိုင်သော လင်း၏ အရည်အချင်းကို သူနားလည်သွားခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး သူသည် အမှန်တကယ် ထပ်မကြုံချင်တော့ပေ။
နူးညံ့ပြီး ညင်သာသော တီးလုံးများကို ကားထဲ၌ ဖွင့်ထားသကဲ့သို့ လု့မော့သည် စည်းချက်ကျကျ ငွေရောင်ဘောလုံးလေးကို ဖမ်းလိုက်မြှောက်လိုက် ကစားနေသည်။
နောက်ကြည့်မှန်ထဲရှိ ပုံရိပ်သည် လု့မော့၏မျက်နှာကို ဖော်ပြသည်။လက်အနားခေါက်တွင် ရွှန်းစိုနေသော ကျောက်ကြယ်သီးများနှင့် ကိုယ်တိချုပ်ထားသော ညစာစားပွဲဝတ်စုံ ဝတ်ထားသည်။သူ၏ သွယ်လျသောလက်ချောင်းများသည် ဘောလုံးလေးကို အပေါ်အောက်မြှောက်ကစားတိုင်း သန့်ရှင်းနေသည်။
ဇာ့ဂ်အထီးများအနက် လက်သန်းများကို လက်သည်းရှည်ထားကြခြင်းက ခေတ်စားသည်၊ သူတို့၏အထက်တန်းလွှာဘဝအခြေနေများကို ဗန်းပြထားကြသလိုဖြစ်သည်_ သူတို့၏ အစေခံများက အကုန်လုံးကို လုပ်ပေးပြုစုကြရသည်။
မည်သို့ဆိုစေ လု့မော့က သူ့ကို တခြားသောဇာ့ဂ်လူတန်းစားကြားတွင် ထင်းထွက်သိသာစေသော ထိုအကျင့်မရှိပါ။
အမှန်တကယ်တွင် လု့မော့သည် လက်သည်းရုတ်တရက်ကျိုးသွားပါက သူ့အသက်ရှူမရနိုင်လုနီးပါးဖြစ်မည့် အတွေးမျှသာရှိသောကြောင့် သူ့လက်သည်းများကို တိတိညှိထားသည်။
မတော်လို့များ လက်သည်းက ကွာပြဲထွက်လျှင် "ရှူး"...
လု့မော့သည် လမ်းမီးတိုင်များက ကားပြတင်းပေါက်ကနေ အလျင်အမြန်ဖြတ်သွားသည်နှင့် ဖြောင့်မတ်တည်ကြည်သော အနေအထားဖြင့် ဆက်လက်နေသည်။သူ၏ ပယင်းရောင်မျက်လုံးများကို အလင်းရောင်က ပွတ်ရှပ်သွားသောအခါ ၎င်းတို့သည် ဓာတုဗေဒထုတ်သောဖန်သားကဲ့သို့ မချဉ်းကပ်နိုင်လောက်အောင်ပုံပေါ်သည်။
YOU ARE READING
ဗီလိန်အမြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)
Ficção CientíficaAssociated Name-穿成反派炮灰雄虫后[虫族] Author-牧粮人 Genre - Comedy,Fantasy,Romance,Sci-fi,Yaoi. Translated by YMMverse Novel Translation Team Just Fun Translation Crd to oringinal author and eng translator