အပိုင်း (၂၂)

129 22 0
                                    

Chapter 22 - မင်္ဂလာဆောင်။ 

မြေအောက်ကားဂိုဒေါင်မှာ ရိုက်ကူးထားသည့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗီဒီယို အရင်းအမြစ်သည် နားလည်ရခက်သောတိုက်ရိုက်ထုတ်လွှင့်မှုဖြစ်သည်လို့ မှတ်မိသူတချို့ ရှိကောင်းရှိနိုင်သည်။ 

သတိပေးချက်မရှိဘဲ ပေါ်လာပြီး အမည်မသိ ပျောက်ကွယ်သွားခဲ့သည်။ 

သုံးနာရီကြာ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားချိန်တွင် ၎င်း၏ IP လိပ်စာကို ရယူရန် ကြိုးစားနေသည့် ဇာ့ဂ်များ အားလုံး ခြွင်းချက်မရှိဘဲ ကျရှုံးခဲ့သည်။ သူတို့သည် ဤတိုက်ရိုက်ထုတ်လွှင့်မှုကြောင့် အံ့အားသင့်ခဲ့ကြသည်- ဤမျှရှုပ်ထွေးသော ခိုး၀င်မှုကိုဆန့်ကျင်သောပရိုဂရမ်ကို သူတို့တစ်ခါမျှမမြင်ဖူးကြပေ။ 

၎င်းသည် ဟက်ကာများ၏ ပြိုင်ဆိုင်လို​သောစိတ်ဓာတ်ကို ချက်ချင်း နှိုးဆွခဲ့သည်။ ပထမကတော့ စုန့်ကျန်းရှု အတွက်သာဖြစ်ခဲ့လျှင် နောက်ပိုင်းတွင် သူတို့နှင့်ပရိုဂရမ်ကြားက ဉာဏ်ရည်ဉာဏ်သွေး တိုက်ပွဲဖြစ်လာပြီး အဆုံးမှာတော့ စုန့်ကျန်းရှုကို မေ့သွားကြသည်။ 

ပိုကြိုးစားလေလေ ဖွဲ့စည်းပုံ၏ နက်နဲမှုနှင့် ပရိုဂရမ်တွင်ပါရှိသော ဉာဏ်ရည်ဉာဏ်သွေး ခိုင်မာမှုကို ခံစားရလေလေဖြစ်သည်။ ဤကဲ့သို့သော အစီအစဉ်ကို ပြုလုပ်နိုင်မှုသည် ယနေ့ကမ္ဘာ၏ ရှိပြီးသားအဆင့်ထက် လုံးဝကျော်လွန်သွားပြီဖြစ်သည်။ 

ဘယ်သူများလဲ ! 

တိုတောင်းသောနာရီအနည်းငယ်သည် ၎င်းကိုလေ့လာရန် သူတို့အတွက် မလုံလောက်ဘဲ မျက်နှာပြင်(အစပိုင်း)ကို ထိမိရုံသာရှိသည်ဟုပင် ခံစားခဲ့ရသည်။ သို့သော် ထိုမှပင် သူတို့သည် အလွန်လေးနက်သော ချောက်နက်ကြီးဟု ခေါ်နိုင်လောက်သည့် အရာတစ်ခုကို တစ်ချက်မြင်လိုက်ရသည်။ 

တိုက်ရိုက်ထုတ်လွှင့်မှု ပျောက်ကွယ်သွားသောအခါ ဟက်ကာများသည် ရူးသွပ်လုနီးပါးဖြစ်ခဲ့သည်။ 

သူတို့ဆံပင်များကိုဆွဲကာ​အော်ဟစ်ခြင်းမှအပမတတ်နိုင်ကြ​ပေ။ သူတို့အိမ်တွင် အောင်းကာနေထိုင်လေ့ရှိသော၊ ဇာ့ဂ် သတင်းအချက်အလက်နည်းပညာရဲ့ အထွတ်အထိပ်ကို ကိုယ်စားပြုသောအိမ်တွင်းပုန်းအကြီးစားတို့သည် ကြမ်းပြင်ပေါ်မှာ လှဲပြီး တိတ်တိတ်လေးငိုနေကြသည်။ 

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)Where stories live. Discover now