အပိုင်း (၉)

168 24 3
                                    


Star Net မှ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ အရှိန်မှာ တဟုန်ထိုးမြင့်တက်နေပေမယ့် အခြားတစ်ဖက်မှာ၊ အရူးအမူးဖြစ်နေတဲ့ အမတွေက ကျိုးပဲ့ပျက်စီးနေတဲ့လမ်းပေါ်မှာ စည်ကားနေဆဲပင်။ သူတို နှလုံးသားထဲမှ ချစ်နေရတဲ့ အထီးလေးမှာ ဆေးရုံက တိတ်တဆိတ် ထွက်သွားပြီးပြီဆိုတာကို သူတို မသိခဲ့ကြပေ။ 

"ဒါက A-Grade အထီးတစ်ကောင်ကို မင်းဒီလို ဆက်ဆံတာလား။" 

မျက်နှာဖြူဖျော့နေတဲ့ အမတစ်ကောင်ဟာ သူရဲ့တစ်ကိုယ်လုံးမှာ ဒဏ်ရာများနဲ့ သွေးထွက်သံယိုအမာရွတ်များရှိနေပေမယ့် နာကျင်မှုကို ဂရုစိုက်ရန်အချိန်မရှိခဲ့ဘဲ ဆက်လက်ပြောနေဆဲပင်။

"ကျန်းရှု ဒဏ်ရာရသွားပေမယ့် မင်းက သူ့ကို ဂရုမစိုက်ဘူး။ သူတစ်ခုခုဖြစ်သွားရင်..."

သူ့အနားတွင် အသားဖြူပြီး၀သည့် တာ၀န်ရှိသူတစ်ဦးရှိနေတယ်။

ထိုသူမှာ ကြင်နာတတ်ပုံရတဲ့ မျက်နှာဖြင့် မွေးဖွားလာသူဖြစ်တယ်။ သူဟာ အရွယ် ကောင်း နေချိန် ရောက်နေပြီး သူ့မျက်နှာက ကျန်းမာသော အရောင်အဆင်းရှိနေတုန်းဖြစ်တယ်။ သူရဲ့အသွင်အပြင်မှာ ရယ်စရာ ကောင်းပြီးဆက်ဆံရလွယ်ကူ သောလာဘ် ကောင်နဲ့ တူတယ်။

ဒါပေမယ့် ဒီအချိန်မှာ သူ့မျက်နှာဟာ အရောင်ဖျော့တော့သွားကာ သူ့အသွင်အပြင်မှာ ကြောက်ရွံနေပုံ ပေါ်တယ်။

“တောင်းပန်ပါတယ် တောင်းပန်ပါတယ်” လို့ ထပ်ခါထပ်ခါပြောရင်း လက်ကိုင်ပုဝါကို တုန်တုန်ရီရီကိုင်ကာ သူ့မျက်နှာက ချွေးစေးများကို သုတ်ရင်း 

“ဒါက ကျွန်တော်တိုဆေးရုံရဲ့ ပေါ့ဆမှုကြောင့်ပါ ၊ ကျွန်တော်တို့မှာ ဒီအတွက်တာဝန်ရှိပါတယ်၊ စုန့်လူကြီးမင်း ကို ဂရုစိုက်ဖို တာဝန်ယူရတဲ့ အမက အသစ်မလို့ ဒီက စည်းမျဥ်းတွေကို နားမလည်သေးတာပါ”

ဝိန်းကောရဲ့ အေးစက်တင်းမာနေတဲ့ အကြည့်များဟာ ရှိနေတဲ့ အမများရဲ့ မျက်နှာများပေါ်ကို ဖြတ်သန်းသွားလေတယ်။

သူက စစ်မြေပြင်မှာ အချိန်အတော်ကြာနေခဲ့ပြီး ခိုင်မာတဲ့ စစ်ရေးစွမ်းရည်နဲ့ ယခုလက်ရှိ နေရာကို တက်လှမ်းနိုင်ခဲ့တယ်။ သူ့ကိုယ်သူ တမင်မချုပ်တည်းထားခဲ့ဘူးဆိုရင် သာမန်အမတွေမှာ စိတ်မသက်မသာခံစားရနိုင်တယ်။

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)Where stories live. Discover now