အပိုင်း (၁၁)

156 25 1
                                    

အပိုင်း (၁၁) - မျိုးရိုးဗီဇအဆင့်မြင့်ကန့်သတ်ချက်ပွင့်သွားပြီ။

အံ့အားသင့်စရာ​ကောင်းလှစွာ၊ A-Grade အထီးတစ်ကောင်က D-Grade အထီးတစ်ကောင်ဆီကနေ ပြင်းထန်စွာရိုက်နှက်ခံခဲ့ရသည်။

ပရိသတ်တွေက သူတို့မျက်လုံးတွေကို မယုံနိုင်လောက်​အောင်ဖြစ်သွားသည်။ ဘာတွေဖြစ်နေတာလဲ?

စုန့်ကျန်းရှုသည် A-Grade အထီးစစ်စစ်ဖြစ်သည်မှာ သေချာသည်။ အချို့သော ဇာ့ဂ်တွေက သူ့ကို အရင်ကမေးခွန်းထုတ်ဖူးသည်၊ အထီးတစ်ကောင်ရဲ့ အဆင့်အတန်းမြင့်လေ၊ သူ့အသွင်အပြင်က အမ၏အသွင်အပြင်နဲ့ ပိုနီးစပ်လေဖြစ်သည်။ ဆိုလိုသည်မှာ အေးစက်ပြီး ပြင်းထန်တဲ့ အသွင်အပြင်နဲ့ အတူတူပင်ဖြစ်သည်။

ဒါပေမယ့် စုန့်ကျန်းရှုသည် ခြွင်းချက်ပင်ဖြစ်သည်။ သူ့အသွင်အပြင်သည် အမများနှင့် မတူဟု ဆိုနိုင်သည်။ ဇာ့ဂ် မျိုးနွယ်၏ အလှစံနှုန်းအတွင်း၊ သူ့ကို လှပသည်ဟု ဖော်ပြသည်မှာ ချဲ့ကားခြင်းမဟုတ်ပေ။

ထို့အတွက်ကြောင့် အဆင့်မြင့်အထီးအများအပြားသည် စုန့်ကျန်းရှု ကို မကြိုက်ကြဘဲ မကြာခဏဆိုသလိုပင် သူ့ကို ရန်စကြသည်။

၎င်းသည် အခြေခံအားဖြင့် စုန့်ကျန်းရှု၏ပင်ကိုအမှတ်တံဆိပ်ကဲ့သို့ပင်ဖြစ်လာခဲ့သည်။ အင်တာနက်ပေါ်တွင်ပျံ့နှံ့နေသောသူ၏ဗီဒီယိုတိုင်းလိုလိုတွင်၊ ပရိသတ်ကိုယ်တိုင်သူ့ပေါင်သူရိုက်မိသွားအောင်ပြုလုပ်နိုင်သည့် "ခမ်းနားသောပုံစံ" ရှိခဲ့သည်။

ဒါပေမယ့် ဒီတစ်ခါ ဘာဖြစ်သွားတာလဲ။

ပုံမှန်ဆိုရင် ဦးနှောက်မရှိသော အမြောက်အစားဗီလိန်သည် စုန့်ကျန်းရှုကို မသိဘဲ ရန်စရန် ရောက်ရှိလာခြင်းဖြစ်သင့်သည်။

စုန့်ကျန်းရှု က ၎င်းကို အကြိမ်ပေါင်းများစွာ သည်းခံသည်။ သူသည် ကြင်နာတတ်ပြီး တစ်ယောက်ကို တစ်ယောက် ထိခိုက်စေလိုသော ဆန္ဒမရှိသော်လည်း ထိုကြင်နာမှုသည် သူရဲဘောကြောင်သည်ဟု ဗီလိန်က ထင်ခဲ့လိမ့်မည် ။ သူသည် စုန့်ကျန်းရှုကို ပို၍ပင် ထိခိုက်စေလိုသော ဆန္ဒ ပြင်းထန်လာပေလိမ့်မည်။

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)Where stories live. Discover now