အပိုင်း (၁၄)

156 24 1
                                    

Chapter 14 - ဇာတ်လိုက်၏အရောင်အဝါ။

"ဆုတောင်းနေလိုက်!!!"

ဆံပင်အနက်ရောင်နှင့် မျက်လုံးအစိမ်းရှိသည့် အထီးသည် စားပွဲပေါ်သို့ လက်ဖြင့် ရိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ ဒေါသတကြီး ဖြစ်နေသည်။

သူ့မျက်နှာတွင် တည်ငြိမ်မှုမရှိတော့ပေ။ သူက စုန့်ကျန်းရှု ကိ စူးရှစွာ စိုက်ကြည့်ပြီး အံကိုကြိတ်ကာ စကားတစ်ခွန်းကို ညှစ်ထုတ်ပြောလိုက်သည် - "စုန့်ကျန်းရှု၊ မင်းလုပ်ရဲလား"

ညာဘက်လက်မောင်းရှိ အပ်အနာတည့်တည့်ကိုပါးလွှာသောပတ်တီးဖြင့် ဖိထားသည်။ ထိုအချိန်တွင် တိတ်စပြုနေသောဒဏ်ရာက သွေးပြန်ထွက်ပြီး ပတ်တီးစကိုသွေးများဖြင့်ရွှဲရွှဲစိုစေသည်။

ပတ်တီးအနားစမှ ထွက်လာသောသွေးများသည် သူ့လက်မောင်းအောက်သို့ စီးကျလာသည်။ ကြောက်မက်ဖွယ်ကောင်းလှသည်။

၎င်းကိုမြင်တော့ စုန့်ကျန်းရှု က စိတ်သက်သာရခြင်းကြောင့်သက်ပြင်းတစ်ချက်ချလိုက်သည်။

သေချာတယ်။

သေချာတယ်၊ အဲဒါကပဲ သူ့ကို လှည့်စားဖို့ ယုံကြည်ချက်ရှိဟန်ဆောင်နေခဲ့တာဖြစ်နိုင်တယ်။ 

အကယ်၍ သူသည် ထိုလှည့်ကွက်များဖြင့် လှည့်စားခံရမည်ဆိုလျှင်၊ သူသည် ထိုကဲ့သို့ဟန်ဆောင်ထားသောလှည့်ကွက်ထဲသို့ ရောက်သွားပေလိမ့်မည်။

ပြိုင်ဘက်ရဲ့ အားနည်းချက်ကိုသတိထားမိသည်နှင့် ဒီလိုလှည့်ကွက်ကျရှုံးသွားလိမ့်မည်။

သူကသရော်လိုက်သည်: "ဘာလဲ မင်းကြောက်နေတာလား"

မျက်လုံးအစိမ်းရောင်ရှိသော အထီးသည် နောက်ဆုံးတွင် သူ့အလွဲအချော်များကို သတိပြုမိသွားသလို တအံ့တသြဖြစ်သွားသည်။ သူ့မျက်နှာပေါ်တွင်ဒေါသကိုမပေါ်လွင်အောင် အလျင်အမြန် မျိုသိပ်လိုက်ပြီး တည်ငြိမ်ဟန်ဆောင်ကာ "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ငါက ဒီအတိုင်းမင်းမတတ်နိုင်တော့မှာကိုဘဲစိုးမိတာ "

လု့မော့ က ပြုံးပြီးပြောသည် "ဒါကို မင်းစဉ်းစားကြည့်သင့်တယ်၊ Imperial Star မှာ နေထိုင်ခွင့်က ပိုက်ဆံရှိရုံနဲ့ ရနိုင်တဲ့ အရာမဟုတ်ဘူး၊ မင်းငါ့ကိုဒေါသထွက်နေတာနဲ့ဘဲမင်းဘာလို့ ဒီလိုမျိုးတွေလုပ်ပြီး ဟာသလုပ်နေတာလဲ" 

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)Where stories live. Discover now