အပိုင်း(၅၉)
“ဗွမ်း”
ဝတုတ်နေသောဇာဂ့်အထီးသည် ရေကို လက်ထဲအပြည့် ခပ်ကာ မျက်နှာကို ပက်လိုက်ပြီး ရေအေးဖြင့် လန်းဆန်းစေကာ ရွံရှာမှုအနည်းငယ် လျော့ပါးသွားစေသည်။ သူပလုပ်ကျင်းရင်း မှန်ကြည့်ချင်လာပေမယ့် မှန်ကို ဖယ်ရှားထားသည်။ ဇာဂ့်ဝတုတ်သည် သက်ပြင်းချကာ ညည်းညူလိုက်သည်။
စောက်ရူး ပိုင်လျို့၊ သူဒီလို အရူးမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။
ဘေစင်ဘေးမှာရပ်ပြီး အိတ်ကပ်ထဲက ဆေးလိပ်ကို ထုတ်သောက်လိုက်သည်၊ အခန်းတစ်ခုလုံး ဈေးပေါသော ဆေးလိပ်နံ့ပြင်းပြင်းဖြင့် ပြည့်သွားသည်။ အဖြူရောင်အငွေ့တွေကြား ဇာဂ့်ဝတုတ်သည် မျက်လုံးများ မှိတ်ထားသည်။
သူသည် လု့မော့မဟုတ်ပေ၊ နာမည်အရင်းက လော့စစ်။ မီနိုကီလိုပင် သူသည်လည်း C အဆင့် ဇာဂ့်အထီးတစ်ကောင် ဖြစ်သည်။
ဇာဂ့်အသိုင်အဝိုင်းတွင် C အဆင့်ဇာဂ့်အထီးများသည် သုံးဆယ်ရာခိုင်းနှုန်းလောက်ရှိသည်။ လော့စစ် နဲ့ မီနိုကီသည် သက်တောင့်သက်သာ ရှိသော ဘဝမျိုးကို လိုချင်သည်။ စည်းမျဉ်းကို လိုက်နာမည်ဆိုလျှင် Bအဆင့် ဇာဂ့်အမ တစ်ယောက်မဟုတ် နှစ်ယောက်လောက်ကို လက်ထပ်ပြီး သားသမီးမွေးကာ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်သည်။
သို့သော် အကန့်အသတ်ရှိသည်။ ဇာဂ့်အသိုင်အဝိုင်းရဲ့ အဆင့်တစ်ခုချင်းစီ၏ ကွာဟချက်သည် မယုံနိုင်အောင် ကြီးမားသည်။ မီနိုကီနှင့် လော့စစ် သည် ဒီလောက်နှင့်မကျေနပ်ပေမယ့် ထပ်ပြီးလည်း ဘာမှမရနိုင်ပေ။
ထို့ကြောင့် သူတို့သည် နှစ်ပေါင်းများစွာကြာအောင် မရေတွက်နိုင်သော ဇာဂ့်အထီး၊ အမများကို လှည့်ဖြားခဲ့ကြသည်။
C အဆင့် ဇာဂ့်အထီးဖြစ်သောကြောင့် အနည်းငယ်သတိထားလျှင် အကယ်၍ သူတို့ရှာဖွေ ဖမ်းဆီးမိခဲ့လည်း မကြာခင်မှာ ပြန်လွတ်နိုင်သည်။
အင်ပါယာမြို့ကိုလာပြီး တခြားလူများကို လှည့်စားရခြင်းသည် ဓားသွားပေါ်မှာ ကခုန်နေရခြင်းပင် ဖြစ်သည်။ လော့စစ် သည် မီနိုကီကို ပစ်မှတ်ကောင်းကောင်းရှာဖို့ ပြောခဲ့ပေမယ့် မီနိုကီက ဒီလိုအရူးကို ခေါ်လာမယ်လို့ သူမထင်ခဲ့ပေ။
YOU ARE READING
ဗီလိန်အမြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)
Fiksi IlmiahAssociated Name-穿成反派炮灰雄虫后[虫族] Author-牧粮人 Genre - Comedy,Fantasy,Romance,Sci-fi,Yaoi. Translated by YMMverse Novel Translation Team Just Fun Translation Crd to oringinal author and eng translator