အပိုင်း (၂၃)

214 35 1
                                    

Chapter 23 - နောက်ဆုံးတော့ အသွင်​ပြောင်းပြီ 

[WTF] 

[ကျေးဇူးတင်တယ်၊ ငါကကြောက်နေခဲ့တာ။ အဲဒါက တကယ်ကိုကြောက်ဖို့​​ကောင်းတယ်။] 

[အား အား အား၊ အဲဒါ တတိယမြောက်စစ်တပ်ပဲ!!] 

ကြီးမားသောအာကာသယာဉ်ကောင်းကင်တွင် ပေါ်လာသည့်အခိုက်အတန့်တွင် ကြည့်ရှုသူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဇာ့ဂ်စစ်တပ်၅ခုတွင် တတိယမြောက်စစ်တပ်သည် အ​ထူးချွန်ဆုံးမှတ်တမ်းရရှိထား​သောစစ်တပ်တစ်ခုဖြစ်သည်။ ဇာ့ဂ်များထဲတွင် ခွန်အားကို စေ့​စေ့စပ်စပ် ထောက်ခံအားပေးသော ပြိုင်ပွဲတစ်ခုဖြစ်သည့် တတိယမြောက်စစ်တပ်သည် အမအားလုံးနီးပါး၏နောက်ဆုံးပန်းတိုင်ဖြစ်သည်။ 

အာကာသယာဉ်၏ဘေးနှစ်ဖက်ကို အနုစိတ်တိုက်ပွဲပုံစံဖြင့် အလှဆင်ထားသည်။ ထိုယာဥ်သည် စစ်မြေပြင်တွင်ပေါ်လာတိုင်း ရန်သူကို နက်နဲသောစိတ်ပျက်လက်ပျက်ဖြစ်မှုကို ပေးစွမ်းနိုင်သည်။

၎င်းတို့သည် ဓားမ​​ဖောက်နိုင်​သော၊မပျက်စီးနိုင်သော သံနံရံများဖြစ်ကြပြီး ၎င်းတို့သည်လည်း ထာဝရဘုန်းကျက်သရေဖြစ်ကြသည်။ 

[အဲဒါကိုတွေ့လား!! အဲဒါ တတိယမြောက်စစ်တပ်က ပထမအသုတ်ရဲ့ ကွန်မန်ဒါ။ အား ငါတော့သေပြီ၊ ငါ့တစ်သက်တာဆန္ဒကပထမအသုတ်ထဲ၀င်ဖို့ဘဲ] 

[ ပထမအခွဲရဲ့ ၅ယောက်​မြောက်ထိပ်တန်းအရာရှိရောက်ရှိလာပြီ။ အိုးးးးးး!]

ထိုအချိန်တွင် အမဇာ့ဂ်သည် မည်သူဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ 

သဲကန္တာရ ကြယ်တစ်စင်းပေါ်တွင် ယခုကဲ့သို့ဇိမ်ခံအိမ်ကြီးကို လွယ်လွယ်ကူကူ ဆောက်နိုင်သော၊ သူမင်္ဂလာဆောင်တဲ့နေ့တွင် တတိယမြောက်စစ်တပ်၏အထက်တန်းလွှာတွေ အားလုံးကိုဖိတ်နိုင်​သော၊ လူသိများသောထိုလူကလွဲလို့ တခြားဘယ်သူမှ မဖြစ်နိုင်ပေ။

[ဒါဆို သူပဲဖြစ်ရမယ်!] 

[ကောင်းပြီ၊ ငါမလိုလားပေမယ့်၊ အဲဒါကသူသာဆိုရင်၊ ငါ့မှာထင်မြင်ချက်လုံးဝမရှိဘူး။] 

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)Where stories live. Discover now