အပိုင်း (၃၄)

168 26 0
                                    

အပိုင်း(၃၄) – ငါ့ကိုမထားခဲ့ပါနဲ့

ဝရမ်းပြေးတစ်ယောက်လား။ဟင်?

လု့မော့ ဘေးသို့တောင့်တောင့်ကြီးထရပ်သွားသည်။ လင်းကသူ့လက်ကိုလှမ်းပြီး ဇာ့ဂ်အမ၏မျက်နှာကို ကြမ်းကြမ်းပွတ်တိုက်သည်ကို သူကြည့်နေလိုက်သည်။

အသားရောင်ပေါင်ဒါမှုန့်တချို့ ပြုတ်ကျလာပြီး အမဇာ့ဂ် နာလို့အော်လောက်အောင် သူသုံးသောအားကများသွားသည်ဖြစ်မည်။

လင်းသူ့လက်ရုတ်လိုက်သည်နှင့် မျက်နှာသည်မမှတ်မိနိုင်စရာဖြစ်သွားသည်။

လုံးဝကွာခြားလှသည် ; မူလပျော့ပျောင်းမှုသည် ပျောက်သွားသည်။ သည်မျက်နှာသည် ခက်ထန်သောအကြည့်တို့နှင့် ရင့်သောမျက်ခုံးတို့နှင့်ဖြစ်သည်။ သူသည်အလွန်ပင် ချူချာနုံနဲ့ပြီး သူ့မျက်နှာသည် အတော်လေးချိုင့်ဝင်နေသည်။ သူ့တွင် ထင်ရှားသိသာသောမေးရိုးခပ်မြင့်မြင့်တို့ရှိသည်။ နဖူးမြင့်မြင့်အောက်၌ တြိဂံပုံမျက်ဝန်းတစ်စုံရှိသည်။ ထိုမျက်ဝန်းတို့သည် ဂရုထားမိလောက်စွာနီနေပြီး မျက်ဝန်းအိမ်တို့မှာ ရှုံ့နေသည်။

လု့မော့သည် လင်း၏ခါးကိုကြည့်ပြီး မြေပြင်ပေါ်ကဇာ့ဂ်အမ၏ခါးနှင့် ယှဉ်ကြည့်လိုက်သည်။သူအလေးချိန်လျော့သွားတာဖြစ်ကောင်းဖြစ်မည်။

ကြောက်စရာအကောင်းဆုံးအရာမှာ သူ့နဖူးမှဘယ်ဘက်မျက်လုံးကိုရောက်ပြီး ညာဘက်ပါးပြင်ထိကျဆင်းနေသော အမာရွတ်ကြီးတစ်ခုဖြစ်သည်။

“ငါပြောခဲ့တယ်၊ ငါဒီနှစ်တွေမှာမင်းကို ဘယ်လိုမဖမ်းနိုင်ခဲ့လဲသတိရမိတယ်။” လင်းသည် ခင်ခင်မင်မင်နှင့် “မာချယ်လ် မင်းအင်ပါယာကြယ်ထဲကို လာပုန်းရဲမယ်လို့ငါမထင်ခဲ့ဘူး။ ထပ်ပြီးတော့ မင်းငါ့ရှေ့မှာပေါ်လာရဲမယ်လို့ မမျှော်လင့်ခဲ့ဘူး...."

မာချယ်လ်သည် လင်းကိုခက်ထန်စွာကြည့်သည်။သူ့တြိဂံပုံမျက်လုံးအစုံသည် ငြိမ်နေသောသားရဲနှင့်တူသည်။ ဤသို့သော ငေးစိုက်ပုံက မာချယ်လ် သည် စိတ်ဆတ်တာသေချာသလောက်ဖြစ်ကြောင်းပြသည် : ဝံပုလွေတစ်ကောင်လိုစိတ်ရှည်ပြီး မြေခွေးတစ်ကောင်လိုစဉ်းလဲသကဲ့သို့ ကျားနှင့်ကျားသစ်တို့၏ အားမာန်ရှိသည်။

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)Where stories live. Discover now