အပိုင်း (၂၄.၂)

136 27 0
                                    

C‌hapter 24.2 သွေးစာချုပ်(၂)

【ခြံဝင်းထဲတွင်】

ဥခွံသည် တစ်နေ့ခင်းလုံး ထိုအတိုင်းသာ ရှိနေသည်။ ထိုအချိန်တွင် အမျိုးသားဇာ့ဂ် ကာကွယ်​ရေးအဖွဲ့ နှင့် ဆရာဝန်ရောက်လာကြ​သော်လည်း သူတို့သည်ယခုကဲ့သို့ထူးဆန်း​သောအရာကိုတစ်ခါမှမတွေ့ဖူးကြပေ။ အချိန်တစ်ခုလောက်အထိ တစ်ခုခုလုပ်ရမည်ကို ကြောက်နေကာ ၎င်းကို ဝိုင်းထားရုံသာ တတ်နိုင်ကြသည်။

အသေအချာသိသည့်တစ်ခုမှာ ဥခွံသည် အရာဝတ္ထုတစ်ခု မဟုတ်ပေ။ ၎င်းသည် ဘိုးဘေး၏စရိုက်ကိုလိုက်​သောဖြစ်စဉ်တစ်ခုဟု ထင်ရသော်လည်း အမှန်တကယ်တွင် စိတ်စွမ်းအားဖြင့် တည်ဆောက်ထားသော အတားအဆီးတစ်ခုဖြစ်သည်။

ဒါပေမဲ့ အဲဒါ တကယ်ဖြစ်နိုင်ပါ့မလား။

ယခင်နှစ်များတွင် လု့မော့၏ရလဒ်များအကုန်လုံးသည် D-Grade အထီးဖြစ်ကြောင်း သူတို့ကြားသိခဲ့ရသည်။ မကြာသေးမီက စစ်​ဆေးမှုကို ယခင်လက ပြုလုပ်ခဲ့ပြီး သာမန်ကလွဲ၍ထူးထူးခြားခြား တစ်စုံတစ်ရာ မရှိခဲ့ပေ။

သူတို့၏ စိတ်စွမ်းအားကို ပုံဖော်နိုင်သူတိုင်းသည် အနည်းဆုံး အလယ်အလတ် B-Grade မှ အဆင့်မြင့် B-Grade အထိ ဖြစ်နိုင်သည်။ ဥခွံသည်အလွန်ကြီးမားပြီးထူထဲသည်။ သာမာန်အခြေအနေအရ A-Grade အထီးများတောင် ယခုလိုအတားအဆီးတစ်ခုကို တည်ဆောက်ဖို့ စိတ်ပိုင်းဆိုင်ရာ စွမ်းအားအများကြီးကိုအသုံးပြုရပေလိမ့်မည်။

အသွင်ပြောင်းကာလက အထီးရဲ့စွမ်းရည်ကို ကျော်လွန်သွားတာကြောင့်များလား။

၎င်းသည် ဆေးဘက်ဆိုင်ရာဇာ့ဂ်များက မချဝံ့သောကောက်ချက်တစ်ခုဖြစ်သည်။ သူတို့သည် "ဒါဟာ အတော်လေးကို ထူးဆန်းပြီး စစ်ဆေးကြည့်ဖို့လိုတယ်" လို့ ယောင်ဝါးဝါးသာ ပြောနိုင်သည်။

ဒါပေမဲ့ ဒီလို ရှက်စရာကောင်းသောအသွင်အပြင်သည် ပရိသတ်များ၏အမြင်မှာ ဖုံးကွယ်ဖို့ လုံးဝကြိုးစားမှုတစ်ခုသာဖြစ်သည်။

[တကယ်တော့ ဒါဟာ ဘိုး​ဘေး​တွေရဲ့အရင်ကအသွင်​ပြောင်းမှုနဲ့တူနေတာ မဟုတ်လား။]

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)Where stories live. Discover now