အပိုင်း (၅၂)

74 11 0
                                    

အပိုင်း(၅၂)

“ဟာသပဲ?!”

သူ့ကျွန်လာဖြစ်လာရမယ်?။

ဇာ့ဂ်အထီးက တုန်တုန်ယင်ယင်နှင့် မြေပြင်ပေါ်မှ ထကာ “မင်းကရူးနေတာပဲ” ဟု ဒေါသတကြီး ပြောလိုက်သည်။

“...အိုး?”

လု့မော့ ၏ မျက်လုံးများသည် လှုပ်ခါသွားကာ သူ့မျက်လုံးထောင့်ကနေ ထိုဇာ့ဂ်အထီးအား အေးစက်သောအမှုအရာဖြင့် ကြည့်လိုက်သည်။ “မင်းက လောင်းကြေးကို ပြန်ရုပ်သိမ်းချင်နေတာလား။”

သူ့နောက်တွင် အနက်ရောင်စပျစ်နွယ်ပင်များသည် သူ့အား ဝါးမြိုချင်သကဲ့သို့ ကြောက်စရာကောင်းသော ရောင်ဝါများ ထွက်ပေါ်လာနှင့်တူသည်...

ဇာ့ဂ်အထီး၏ လည်ချောင်းတွင် စို့နင့်သွားကာ ထူးဆန်းသော အသံတစ်ခု ထွက်သွားသည်။ မတုန်လှုပ်ချောက်ချားဘဲမနေနိုင်ပေ။

ဒါက ဘယ်လိုတောင် မှောင်မိုက်ပြီး မကောင်းဆိုးဝါးဆန်တဲ့ အကျင့်မျိုးပါလိမ့်။ ဒီလိုကြောက်စရာကောင်းတဲ့ ဇာ့ဂ်အထီးမျိုးကို တစ်ခါမှ မမြင်ဖူးဘူးလို့ ကျိန်ဆိုရဲသည်။

မဖြစ်ဘူးငါသူ့လက်အောက်ထဲ ရောက်သွားလို့မဖြစ်ဘူး။ ငရဲနဲ့တူတဲ့နေရာရောက်သွားလိမ့်မယ်။

ဇာ့ဂ်အထီးဟာ တံတွေး မျိုချလိုက်ပြီး သူ့မျက်နှာမှာ ချွေးအေးများဖြင့် ဖုံးလွှမ်းသွားသည်။ “မင်းငါ့နာမည်တောင်သိလို့လား”

လု့မော့ က ပေါ့ပေါ့ပါးပါး ရယ်မောရင်း “ငါ ဂရုမစိုက်ဘူး၊ မင်းနာမည်က ငါနဲ့ ဘာမှ မဆိုင်ဘူးလေ”

သူတကယ်ကို ဂရုမစိုက်တာ။ Emperor Star တွင် နေရာတိုင်းမှာ ပုန်းကွယ်နေတဲ့ လူတော်တွေ ရှိသည်။ လမ်းပေါ်တွင် လမ်းလျှောက်နေသူဘယ်သူ့မဆိုတွင် တောင့်တင်းသော နောက်ခံရှိနိုင်သည်။ သာမန်ရုပ်သွင်ကြောင့် သူသာမန် ဇာ့ဂ်အထီးဟုသာ ထင်ခဲ့မည်ဆိုလျှင် လုံးဝ မှားသွားပေလိမ့်မည်။

သူသည် သာမန်လူမဖြစ်နိုင်ပါ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ထိုက်တန်မျိုးနွယ်၏ ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ထားသည်။

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)Where stories live. Discover now