အပိုင်း(၄၇)- အပြင်လူ
“မင်းဒီဈေးကိုလက်ခံနိုင်ရင် ခဏနေငါတို့စာချုပ်ချုပ်နိုင်ပြီ”
ဆက်သွယ်ရေးစက်၏ ရီမုဒ်ဆက်သွယ်ချက်မှတဆင့် မျက်လုံးအစိမ်းရောင်၊ ဆံပင်အနက်ရောင်နှင့်ဇာ့ဂ်အထီးသည် ခက်ထန်သောသွင်ပြင်တစ်ခုရှိသည်ကို မြင်ရသည်။ ဖန်သားပြင်က သူတို့ကိုခွဲခြားထားသော်လည်း သူတို့သည် လေးနက်သောစိတ်လေးဖွယ်ရာခံစားချက်ကို ထုတ်ဖော်ပြသနေကြသည်။
“ငါတို့က အဲ့ဒါတော့ပြသနာမရှိပါဘူး”
ဇာ့ဂ်အထီးက ခေါင်းညိတ်သည် “ဒါဆို ပြီးပြီပေါ့”
ဆက်သွယ်ရေးစက်အဆုံးသတ်သွားသော အခိုက်တန့်တွင် ဇာ့ဂ်အမသည် သူ့မျက်နှာကချွေးကိုသုတ်ဖယ်သည်၊ စိတ်လျှော့ပြီး သက်သာရာရသော သက်ပြင်းကို ချလိုက်ကာ စားပွဲပေါ်ပစ်ထိုင်လိုက်သည်။
မစ္စတာကျင်းချီက သိမ်မွေ့သောအမူအရာရှိတာ မအံ့ဩတော့ပါ၊ သည်တစ်ခါအလုပ်ရှင်က နည်းနည်းထူးခြားသောအင်္ဂါရပ်နှင့် ဇာ့ဂ်အထီးဟု သူမကိုပြောထားသည်။ သူထင်ခဲ့သည်မှာ အတွေ့ကြုံမရှိသည့် ဇာ့ဂ်အထီးတချို့ဖြစ်မည်၊ သို့သော် ထိုသူက လု့မော့ဖြစ်နေသည်။
ဤဇာ့ဂ်အထီးသည် နယ်ပယ်တွင် လူသိများပြီး သူ့နေ့ချင်းညချင်းကြီးပွားသော ဇာတ်လမ်းသည် စိုးစဉ်းမျှလုပ်ကြံမှုတစ်ခုဖြစ်သည်။
စစချင်းတွင် သူသည် ဘာရမ်ဂြိုလ်က သာမန်အဆင့်နိမ့်သော ဇာ့ဂ်အထီးတစ်ယောက်ဖြစ်သော်လည်း သူ့အထီးဖခင်၏ ကြွယ်ဝချမ်းသာမှုအားလုံးကို အမွေဆက်ခံခဲ့သည်။ ထိုငွေကြေးတို့သည် ထိုဘာရမ်ကြယ်တွင် သူ့ဘဝတစ်သက်တာလုံး ဖြုန်းတီးနိုင်လောက်အောင် လုံလောက်သည်။ မည်သို့ဆိုစေ သူသည် ပိုက်ဆံအားလုံးကို မတည်ငြိမ်လုနီးပါးဖြစ်နေသော ဆိပ်ကမ်းကို ပြန်လည်မွန်းမံရန် သုံးခဲ့သည်။
သူသာ ထိုသို့မလုပ်ခဲ့ပါက ဆိပ်ကမ်းသည် လုံးဝတုံ့ဆိုင်းရပ်တန့်ပြီး ဘာရမ်ဂြိုလ်၏ ပြင်ပကမ္ဘာနှင့်ဆက်သွယ်ရေးသည် ဆုံးရှုံးသွားပြီး တဖြည်းဖြည်း ဆိတ်သုဉ်းသွားခဲ့မည် ဖြစ်သည်။
![](https://img.wattpad.com/cover/369228783-288-k23816.jpg)
YOU ARE READING
ဗီလိန်အမြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)
Ciencia FicciónAssociated Name-穿成反派炮灰雄虫后[虫族] Author-牧粮人 Genre - Comedy,Fantasy,Romance,Sci-fi,Yaoi. Translated by YMMverse Novel Translation Team Just Fun Translation Crd to oringinal author and eng translator