22 [Z+U]

72 6 0
                                    

Complicated 22

သည်တစ်ခေါက်ကိစ္စမှာတော့ ရှိုင်းထက်မှားတာဖြစ်သည် ။ အမေရိကန်သွေးနှောသည့်ခရစ်စ်က စာမေးပွဲ​အပြီးနောက်တစ်ရက်ဆိုလျှင်  သူ့အဖွားမွေးနေ့အတွက် အမေရိကန်ကို အားချင်းသွားရမည်အား သူလုံးဝသတိမေ့နေခဲ့ခြင်း ။  ညဘက် ပြည့်လျှံကိုဖြစ်ကြောင်းကုန်စင်ပြောပြမှသာ ပြည့်လျှံက သူ့ကိုသတိပေးလာခဲ့ခြင်းဖြစ်ပြီး စိတ်ကောက်သွားသည့်ခရစ်စ်ကတော့ သူ့ဖုန်းကိုတောင်မကိုင်တော့ပေ ။ခရစ်စ်တို့အိမ်မှာတစ်ညလိုက်အိပ်ပြီး လေယာဉ်ကွင်းကိုလိုက်ပို့ပါမည်ဟု ကတိပေးထားလျက်နှင့် ဘာဆိုဘာမှသတိမရတော့သည့်သူက ခရစ်စ်ကို အကြောင်းမရှိဘဲစိတ်ဆိုးသည်ဟုတောင် စွပ်စွဲခဲ့သေး၏။

သို့သော်လည်း ခရစ်စ်ဘက်က ' ငါ မနက်ဖြန်အဖွားဆီသွားမှာလေ ' ဟုပြောလာလျှင် သူ သတိရသွားမှာမဟုတ်လား ။  သူ့အပြစ်ဆိုသော်လည်း ခရစ်စ်က နည်းနည်းတော့သတိပေးဖို့ကောင်းပါသည် ။ လူဆိုတာ မေ့နိုင်တာပဲမဟုတ်လား ။

ကိုယ့်အပြစ်နှင့်ကိုယ်ဖြစ်၍ ရှိုင်းထက် လေယာဉ်ကွင်းမှာ ခရစ်စ်ဘေးနားကပ်ထိုင်နေပြီး စကားမပြောနိုင်ပေ။  အမေရိကန်သွေးနှောသည့်တိုင် ချင်းရုပ်ပိုပေါက်သည့်ခရစ်စ်က  အညိုရောင်ဖျော့ဖျော့မျက်ဝန်းနှင့်အညိုရောင်ဆံပင်များကိုပိုင်ဆိုင်ထားပြီး ထိုအခြင်းအရာများကသာ သွေးနှောမှန်းသိသာစေခြင်းဖြစ်သည် ။  သို့သော် ကတုံးသာသာ​ဆံပင်ကေကိုသာထားသည်မှာကြာပြီဖြစ်၍ အညိုရောင်ဆံပင်များမှာလည်း ဝင့်ဝင့်ကြွားကြွားမရှိနိုင်ရှာတာကြာပါပြီ။

မေးရိုးထင်းသည့်ခရစ်စ်က  ယခုအခါ နှုတ်ခမ်းတို့ကပါတင်းစေ့နေပြီး မေးရိုးကလည်းတင်းနေ၏ ။ နှာခေါင်းချွန်ချွန် ၊ မျက်ခုံးကောင်းကောင်းနှင့်ခရစ်စ်က မျက်နှာကျလှလှနှင့် တော်တော်လည်းချောပါသည် ။ ယခုလို သူ့ကိုစိတ်ဆိုးနေပြီး တည်တင်းသည့်မျက်နှာ​ဖြစ်နေတာတောင် အတော်ချောသည် ။ သို့သော် အမြင်လိုအေးဆေးတည်ငြိမ်သည့်ခရစ်စ်က တော်ရုံဘာကိုမှစိတ်မဆိုးတတ်သော်လည်း သူ့ကိုတော့ လွယ်လွယ်စိတ်ကောက်တတ်သည်။

99 Where stories live. Discover now