Part-1

9.3K 348 80
                                    

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤 )
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌

"ကိုကို့ကို ဂျီမင်းလုံးဝလက်မထပ်နိုင်ဘူးနော် မေမေ"

ဧည့်ခန်းတစ်လျှောက်ဂျီမင်း၏အသံပိစိ
လေး သည်ခဏအတွင်းဖုံးလွှမ်းသွားသည်။ဂျီမင်း၏အသံသည်ပြတ်သားလွန်း၍အရှေ့၌ထိုင်နေသောမေမေနှင့်ဖေဖေတို့အနည်းငယ်ပြောစရာပျောက်ရှသွားပုံရ၏။

ဂျီမင်းဟာParkအိမ်တော်ကြီးရဲ့တစ်ဦးတည်းသောအမွေဆက်ခံမယ့်သူဖြစ်လာမည့်အပြင်အခုမှအသက်၁၈နှစ်အရွယ် Omegaအလှလေးတစ်ယောက်။သို့သော်အဲ့လိုလူငယ်နုနုထွတ်ထွတ်လေးကကိုယ့်ထက်အသက်များစွာပိုကြီးသော ကိုကိုနဲ့လက်ထပ်ရမယ်တဲ့။ဒါဟာဖြစ်သင့်ပါရဲ့လား။

ကိုကိုဟာဂျီမင်းအတွက်တော့အစ်ကိုတစ်ယောက်ဆိုတာထက်မပိုသလိုဂျီမင်းကလည်းကိုကိုရဲ့ညီလေးတစ်ယောက်သာဖြစ်ချင်သည်။ကိုကို့ကို တစ်ခါလေးမျှ ကိုယ့်ရဲ့အိမ်ထောင်ဖက်အဖြစ်ဂျီမင်းမြင်ကြည့်လို့ပင်မရခဲ့။ကိုကိုဟာဂျီမင်းအတွက်တော့ ဂျီမင်းဆိုးသမျှတိုင်းကိုခံမည့်အစ်ကိုတစ်ယောက်ဟုသာခံယူထားသည်။သို့သော်အခုတော့ရုတ်တရက်ဆန်စွာ ကိုကိုနဲ့ဂျီမင်း ကလက်ထပ်ရမယ်တဲ့။ဒါကိုဂျီမင်းက ဘယ်လိုစိတ်နဲ့လက်ခံနိုင်ပါ့မလဲ။

"မိဘကကောင်းစေချင်လို့စီစဥ်တာကိုဘာလို့ခေါင်းမာနေရတာလဲမင်လေး ။ဂျောင်ဂုတို့မိသားစုဆိုတာမေမေတို့နဲ့အခုမှသိကျွမ်းလာတဲ့လူတွေလဲမဟုတ်ဘူး..တကယ့်လူရင်းတွေ။
ပြီးတော့သားတို့နှစ်ယောက်ကလဲငယ်ငယ်ထဲကရင်းနှီးလာတာဘဲ။အဲ့တာကိုဘာတွေများအတင်းငြင်းနေရသလဲ"

"ရင်းနှီးတာကရင်နှီးတာပဲလေ။ဂျီမင်းက
ကိုကို့ကို အစ်ကိုရင်းတစ်ယောက်လိုဘဲခင်တာ"

"မေမေကတော့ မင်လေးကိုဂျောင်ဂုလေးနဲ့ဘဲစိတ်ချတယ်။မင်‌လေးကတဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီနော်။Alphaမရှိတဲ့Omega
တစ်ယောက်အဖြစ်မေမေ့သားကိုဒီတိုင်းအကြာကြီးကြည့်မနေနိုင်ဘူး။မတော်လို့မကောင်းတဲ့Alphaတစ်‌ယောက်ယောက်နဲ့‌တွေ့ခဲ့ရင်
မေမေတို့ဘဲရင်ကျိုးရမှာ။Omegaတစ်ယောက်အတွက် မိတ်ဖက်Alphaရှိနေတာကအလုံခြုံဆုံးဘဲမင်လေး။အဲ့တာကြောင့်ဂျောင်ဂုနဲ့လက်ထပ်ပါ။သားအတွက်အသင့်တော်ဆုံးAlphaကဂျောင်ဂုတစ်ယောက်ဘဲရှိတယ်"

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Where stories live. Discover now