Part-4

2.3K 225 53
                                    

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌

Jeonအိမ်တော်နဲ့Park အိမ်တော်ကြီးနီးပါး ကျယ်ဝန်းပြီးအဖြူရောင်ဆေးများသုတ်ထားသည့်နှစ်ထပ်အိမ်ကြီး၏ဆင်ဝင်အောက်၌ဂျောင်ဂု၏Mercedes Benzကားလေးဟာရပ်တန့်သွားသည်။ထိုအခါကားပေါ်ကပတ်ခ်ကလေးနဲ့ဂျောင်ဂုတို့တူတူဆင်းလိုက်ကြပြီးအိမ်ကြီးထဲသို့ခပ်ဖြည်းဖြည်းချင်းဝင်လာကြသည်။

မနက်ကJeonအိမ်တော်၌နှစ်ယောက်လုံး မနက်စာစားပြီးသည်နှင့် အမေနဲ့အဖေကိုနှုတ်ဆက်ကာဒီကိုချက်ချင်းထွက်လာလိုက်ခြင်းဖြစ်၏။

"ဒါက ကိုကိုတို့နှစ်ယောက်တူတူနေရမယ့်အိမ်ဘဲ"

"Wow အကြီးကြီးပဲနော်ကိုကို ဂျီမင်းတို့နှစ်ယောက်ထဲလား"

အိမ်ကြီးအားမျက်စိတစ်ဆုံးငေးမောကာဖြင့်
ကိုကို့အားလှည့်မေးလိုက်သည်။

"ဟုတ်တယ်ပတ်ခ်ကလေး။လောလောဆယ်တော့ကိုကိုတို့နှစ်ယောက်ထဲဘဲ။လက်ထပ်ပွဲကရုတ်တရက်ကြီးဖြစ်သွားတာဆိုတော့ ဒီအိမ်မှာထားဖို့သင့်တော့်တဲ့အလုပ်သမားတွေကိုရှာထားတုန်းဘဲရှ်ိသေးတယ်"

"ဟို...အဲ့တာဆိုဂျီမင်းဟင်းတွေဘာတွေချက်ရမှာလားဟင်။သူများတွေပြောတာကြားဖူးတာကအိမ်ထောင်ကျရင် Omegaကသူ့ရဲ့Alphaကို ဟင်းချက်ကျွေးရတယ်တဲ့။ဂျီမင်းဟင်းမချက်တတ်ဘူးကိုကို"

လက်ထပ်ပြီးကိုယ်ကသူ့ကိုဟင်းချက်ကျွေးခိုင်းမယ်ထင်နေသောကလေးလေးကြောင့် ဂျောင်ဂုအသံထွက်အောင်ပင်ရယ်လိုက်မိသည်။ပြီးတော့ဟင်းမချက်တတ်တဲ့အကြောင်းကိုပြောနေတာလေးကလဲတကယ့်ကိုဖြူဖြူစင်စင်လေး။

"ဟားဟား!!....ကိုကိုကပတ်ခ်ကလေးက်ိုဟင်းချက်ခိုင်းစရာလားကွာ။ချက်မယ့်ချက် ကိုကိုဘဲချက်ကျွေးမှာပေါ့။ ကိုကိုဟင်းချက်တတ်ပါတယ်။ပတ်ခ်ကလေးစားချင်တာသာပြော။တကယ်လို့ကိုကိုမချက်လဲJeonအိမ်တော်က
စားဖိုမှူးကိုလှမ်းချက်ခိုင်းလို့ရတာဘဲ"

"အဲ့တာဆို ဂျီမင်းဘာမှလုပ်ဖို့မလို‌ဘူးပေါ့နော်ကိုကို"

အရိုးခံမျက်ဝန်းလေးများဖြင့်ဂျီမင်းက
ကိုကို့ကိုထပ်မေးလိုက်သည်။ထိုအခါမှကိုကိုက တစ်ခုခုအားစဉ်းစားနေလေသည်။ကြည့်ရတာ
ဂျီမင်းကိုခိုင်းမယ့်ကိစ္စတစ်ခုခုရှိမယ့်ပုံစံဘဲ။

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Where stories live. Discover now