Part-5

1.2K 165 37
                                    

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌

အိပ်ယာနိုးနိုးချင်း ခပ်တောင့်တောင့်နေရာတစ်ခုအပေါ်ဂျီမင်းခန္ဓာကိုယ်တစ်ခုလုံးရောက်ရှိနေသလိုခံစားရ၍ မျက်စိမှိတ်လျက်ပင်လက်ကလေးဖြင့်ထိုနေရာအား လိုက်ပွတ်သတ်ကာစမ်းကြည့်နေမိသည်။

အထိအတွေ့အရ မွေ့ယာပေါ်၌မဟုတ်ဘူးဆိုတာခံစားမိပေမဲ့ အိပ်ချင်မူးတူးဖြစ်နေတဲ့မျက်လုံးများကချက်ချင်းဖွင့်ကြည့်လို့မရ၍မျက်ဝန်းတွေကိုလက်ဖြင့်အရင်ပွတ်သတ်လိုက်မိသည်။ထိုအခါမှာအိပ်ချင်းနဲနဲပြေသွားပြီးမြင်ကွင်းများလဲရှင်းလင်းသွားသည်။

သို့သော်ဂျီမင်းရောက်နေတာမွေ့ယာပေါ်မှာမဟုတ်ဘဲ ကိုကို့ရဲ့ခန္ဓာကိုယ်ပေါ်မှာဖြစ်နေမှန်းသိလိုက်ရ၍ခေါင်းတည့်တည့်မိုးကြိုးပစ်ခံလိုက်ရ
သလိုပင်။ဘယ်လိုကနေဘယ်လို ကိုကို့အပေါ်ဂျီမင်းရောက်သွားပါလိမ့်?

ဂျီမင်းအရင်ထဲကအိပ်ရေးကြမ်းတာကိုယ့်ကိုကိုယ်လဲသိပါသည်။တစ်ခါတစ်လေဆိုကုတင်ပေါ်ကတောင်ခဏခဏပြုတ်ကျတတ်၏။အခုတော့ကုတင်ပေါ်ကပြုတ်ကျတာထက်ပင်ဆိုးနေပြီး ကိုကို့ခန္ဓာကိုယ်ပေါ်ခွလျက်တတ်အိပ်နေမိသတဲ့။ရှက်စိတ်ကြောင့်အခုချက်ချင်းပင်သေးသေးလေးလေးဖြစ်ပြီးပျောက်ကွယ်သွားချင်‌
တော့သည်။

တစ်လျောက်လုံးဂျီမင်းခန္ဓာကိုယ်တစ်ခုလုံးတတ်ဖိခံထားရသည့်ကိုကိုတော့ဘယ်လိုနေလဲမသိပေမဲ့ အပေါ်ကဂျီမင်းပင်အခုမှညောင်းညာနေသလိုခံစားလာရသည်။ဒီပုံစံအတိုင်းဘယ်အချိန်ထဲကအိပ်နေမိပါ့လိမ့်။ပြီးတော့ ကိုကိုကကောဂျီမင်းကိုဘာလို့မတွန်းထုတ်ရတာလဲ။ကိုကို့ကိုဂျီမင်းအားနာလိုက်တာ။

မဝံ့မရဲလေးပင် သိပ်မဝေးကွာတဲ့ကိုကို့ မျက်နှာကိုလှမ်းမော့ကြည့်တော့မျက်ဝန်းများဖိမှိတ်ထားပြီးနှစ်ခြိုက်စွာအိပ်ပျော်နေပုံပင်။ကိုကို့ရဲ့လက်တစ်ဖက်က ဂျီမင်း၏ခါးကိုဖက်ထား၍ဂျီမင်းမှာလှုပ်ဖို့ပင်မရဲ။တကယ်လို့ဂျီမင်းလှုပ်လိုက်တာနဲ့ ကိုကိုနိုးသွားတော့မှာ။ဂျီမင်းဘယ်လိုဆက်လုပ်ရပါ့မလဲ။ဆက်ပြီးဒီတိုင်းဘဲအိပ်ချင်ယောင်ဆောင်နေရမလား။

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Where stories live. Discover now