Part-8

1.1K 142 37
                                    

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌

"ငါအိမ်ပြန်တော့မယ်ထယ်ယောင်း၊ဒီနေ့ခေါင်းနဲနဲမူးနေလို့။ငါ့အတွက်Roll callထိုးပေးထားအုံးနော်"

မနက်ထဲကဂျီမင်းခေါင်းနဲနဲမူးကာနေလို့သိပ်မကောင်း၍နောက်ဆုံးတစ်ချိန်ကျန်သည့်အတန်းချိန်ကို မတတ်ရန်ဆုံးဖြတ်လိုက်မိသည်။

"အေး ငါထိုးပေးထားမယ်လေ။မင်းမသက်သာရင်ပြန်တော့။မင်းရဲ့ကိိုကို ကိုကောဖုန်းဆက်ပြီးပြီလား"

"ဆက်တယ် မကိုင်ဘူး။ကိုကိုအလုပ်မအားဘူးထင်တယ်။ငါCompanyကိုဘဲတန်းလိုက်သွား
မလို့၊ပြီးမှကိုကိုနဲ့တူတူအိမ်ပြန်လိုက်မယ်"

"အော် အေးအေး အဲ့တာဆိုလဲဂရုစိုက်သွားအုံး"

"အင်း သွားပြီ တာ့တာ"

ထယ်ယောင်းကိုလက်ပြနှုတ်ဆက်ပြီးသည်နှင့်ကျောင်းဝန်းထဲကဂျီမင်းထွက်၍အပြင်ကTaxi
တစ်စီးငှားကာကိုကို့၏Companyသို့ဦးတည်လိုက်သည်။ကိုကို့Companyရှေ့ရောက်မှTaxiဖိုးပိုက်ဆံထုတ်ရှင်းကာJeon Groupအတွင်းသို့ဖြည်းဖြည်းချင်းဝင်လာလိုက်၏။Jeon Groupရှိဝန်ထမ်းများအားလုံးကဂျီမင်းကို ကိုကို့Omega
မှန်းတန်းသိကြ၍ချက်ချင်းပင်ရုံးခန်းသို့လမ်းညွန်ကာလိုက်ပို့ပေးကြသည်။

ဤသို့ဖြင့်ကိုကို့ရုံးခန်းရှိရာအလွှာသို့Liftဖြင့်တတ်သွားလိုက်ပြီးထိုအလွှာရောက်ပြီဆိုမှ လိုက်ပို့ပေးသည့်ရုံးကဝန်ထမ်းလေးကဂျီမင်း
ကိုဦးညွတ်နှုတ်ဆက်ကာအောက်သို့ပြန်ဆင်း
သွားလေသည်။

ထိုဝန်ထမ်းလေးပြန်ဆင်းသွားမှ
'CEO Office'လို့ဆိုင်းဘုတ်ချိတ်ထားသည့် အခန်းနားသို့ဂျီမင်းလမ်းဆက်လျောက်သွားလိုက်၏။ အခန်းနားရောက်တော့တံခါးကအနည်းငယ်ပွင့်နေတာမြင်၍ တံခါးခေါက်ဖို့
မကြိုးစားတော့ဘဲဒီတိုင်းတွန်းကာဝင်လာလိုက်မိသည်။သို့သော်ဝင်ဝင်ချင်းတွေ့လိုက်ရသောမြင်ကွင်းကြောင့် ဂျီမင်းမျက်နှာမှာချက်ချင်းပင်မီးဝင်းဝင်းတောက်သွားရတော့သည်။

အခုဂျီမင်းရှေ့၌မတ်တတ်ရပ်နေသည့်ကိုကို့ရင်ခွင်ထဲကိုမိန်းမတစ်ယောက်ကပြိုလဲကျနေပြီး ကိုကိုကလည်းလက်တစ်ဖက်ဖြင့်ထိုမိန်းမကိုထိန်းကိုင်ပေးထားသည်။ထိုမြင်ကွင်းသည်ဂျီမင်း၏
ဒေါသတွေကိုအတိုင်းအဆမရှိထွက်သွားစေပြီးလက်သီးများဆုပ်ကာအသားကုန်ဆောင့်အော်လိုက်မိသည်။

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Where stories live. Discover now