Part-9

2.3K 199 30
                                    

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌

"သူ့ကိုဘာနာမည်ပေးကြမလဲ ကိုကို"

Kitchenကောင်တာ၌ကိုကိုလုပ်ကျွေးသော
ပါစတာကိုတူတူစား၍ ခုနကကြောင်ဝတုတ်ကိုနာမည်ပေးရန်စဉ်းစားခန်းဖွင့်နေကြသည်။
ကိုကိုက ပါစတာကိုခရင်းဖြင့်တစ်ပတ်လှည့်ရင်း
ဂျီမင်းကိုခွံ့ကျွေးလျက်....

"ပတ်ခ်ကလေးစိတ်ကြိုက်ပေးလေ"

ကိုကိုကလဲဂျီမင်းစိတ်ကြိုက်ဟုဆိုလာ၍
မေးလေးကိုလက်ထောက်ကာဖြင့် ကိုကို့ခွံ့ကျွေး
သောပါစတာကိုဝါးကာဆက်စဥ်းစားနေလိုက်သည်။အတန်ကြာမှဂျီမင်း၏ခြေထောက်နားကို လာပွတ်သပ်နေသော ကြောင်လေးအားလှမ်းကြည့်၍အတွေးရသွားပြီး....

"သူကဂျီမင်းကိုယ်ပွားလေးဖြစ်သွားပြီဆိုတော့
မိုချီလို့ဘဲပေးလိုက်ကြမလားဟင် ကိုကို"

"ဒါပေမဲ့မိုချီကပတ်ခ်ကလေးရဲ့nicknameလေ"

"အင်းလေ အဲ့တာကြောင့်ပေးချင်တာ။သူကလည်းဝတုတ်ပြီး မိုချီလေးနဲ့တူတယ်လေ။ပြီးတော့ဂျီမင်းရဲ့ကိုယ်ပွားလေးလေ"

"ပတ်ခ်ကလေးကအဲ့နာမည်တကယ်ပေးချင်နေတာလား"

"ဟုတ် အဲ့နာမည်လေးဘဲပေးချင်တာ"

"ကောင်းပြီဗျာ ပတ်ခ်ကလေးသဘော။ဒါပေမဲ့ကိုကိုတော့တိုင်ပတ်ပါပြီ"

"ဟင်? ဘာကိုတိုင်ပတ်တာလဲကိုကို"

"ဒီလိုလေ ကိုကိုကပတ်ခ်ကလေးကိုအသဲယားပြီး မိုချီလို့ခေါ်တဲ့အချိန်ကျရင် သူကပါအမြီးလေးနှံ့ပြီးကိုကို့ဆီရောက်လာတော့မှာကိုပေါ့"

"ဟီး အဲ့တာလဲဟုတ်သား"

ကိုကိုကရယ်မြူးရိပ်သမ်းနေတဲ့မျက်နှာဖြင့်အရွှန်းဖောက်ကာပြောတော့ ဂျီမင်းပါလိုက်ရယ်မိတော့သည်။ပြီးမှခြေထောက်နားမှာလာအိပ်နေသောကြောင်ဝတုတ်မိုချီကို ဂျိုင်းကြားကဆွဲမ,လိုက်သည်။

"ကဲ...ဒီကိုလာပါအုံးမိုချီရေ။ဂျီမင်းကမိုချီ့ရဲ့သခင်အသစ်လေးပါ။ ဟိုဖက်ကဂျီမင်းရဲ့Alpha
ကိုကိုလေ။မိုချီက Alphaကိုကိုရဲ့စကားကိုလဲနားထောင်ရမယ်၊Omegaဂျီမင်းရဲ့စကားကိုလဲနားထောင်ရမယ်နော်"

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Onde histórias criam vida. Descubra agora