Part-17

2.1K 182 33
                                    

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌
ပြေးလမ်းပေါ်ကကားသည် ဆိုးလ်ရဲ့မီးပွိုင့်ဘယ်နှစ်ခုကိုဆက်တိုက်ကျော်ဖြတ်လာခဲ့မှန်းမသိ။မျက်စိရှေ့မှာတွေ့သမျှအရာမှန်သမျှကိုလတ်တလောဘာမှမမြင်နိုင်တဲ့အထိ ရင်ထဲကအပူမီးသည်အလွန်အင်မတန်ပြင်းထန်လွန်းလှသည်။

ပတ်ခ်ကလေးဆေးရုံမှာရောက်နေတဲ့ဆိုတဲ့စကားသည်ကိုယ့်နားထဲ ဗုံးအလုံး၁၀၀လောက်ချက်ချင်းပေါက်ကွဲသွားသလိုပင်ခံစားရ၍ထိုစကားကြားကြားချင်းဆေးရုံသို့ကားကိုအသားကုန်မောင်းသွားမိသည်မှာ ဘယ်သက်ရှိ၊သက်မဲ့ကိုမှမြင်ကွင်းထဲသတိမထားမိတဲ့အထိ။

အချိန်တိုင်းဂရုစိုက်ကာ မျက်စိဒေါက်ထောက်ကြည့်နေတဲ့ကြားက အခုလိုဖြစ်သွားခြင်းသည် ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ဖြစ်စေပြီးဒါဟာကိုယ်ခရီးသွားမိလို့၊ဒါဟာ ပတ်ခ်ကလေးကိုတစ်ယောက်ထဲထားခဲ့မိလို့ဆိုတဲ့ရင်ကျိုးမရခြင်းတွေကလည်းကပ်ညှိလာလေသည်။အခုဆို သမီးလေးနဲ့ကလေးငယ် ဘာဖြစ်နေလဲမသိတဲ့အခြေ
အနေကိုရင်ဆိုင်နေရပြီးကိုယ့်ရင်တွေအဆမတန်ပူလောင်နေ၏။

ဆေးရုံကိုရောက်တော့အရေးပေါ်ခန်းရဲ့ အရှေ့မှာမတ်တတ်ရပ်နေတဲ့ထယ်ယောင်းက ကိုယ့်ကို တွေ့မြင်ပြီး အများကြီးတုန်လှုပ်နေသည်။တကယ်တမ်း ပိုတုန်လှုပ်နေတာကကိုယ်။အရေး‌ပေါ်ခန်းတဲ့...ဘယ်လောက်ထိတောင် အခြေအနေတွေဆိုးကုန်လို့ ပတ်ခ်ကလေးကအရေးပေါ်ခန်းအထိ...ဟာကွာ။

ကိုယ့်ကိုကိုယ်အပြစ်ရှိစိတ်တွေနဲ့အတူ တစ်ဖက်မှာစိတ်တိုမှု၊ဝမ်းနည်းဒေါသထွက်မှုတွေကလည်းဒွန်တွဲနေ၍ အရှေ့တည့်တည့်၌ရပ်နေသော ထယ်ယောင်းရဲ့ အင်္ကျီကော်လံစများကိုအသားကုန်ဆောင့်ဆွဲမိသွားသည်။

"ပတ်ခ်ကလေးဘာဖြစ်သွားတာလဲ ပြောစမ်း!!!!"

"အာ့  ကျွန်...ကျွန် တော့်လည်ပင်း အစ်..."

"သားဂျောင်ဂုရေ စိတ်ထိန်းပါကွယ် ‌ထယ်ယောင်းကိုအရင်လွှတ်လိုက်ပါ"

မျက်လုံးများနီတောက်ကာ ဒေါသမီးဟုန်းဟုန်းတောက်နေသောဂျောင်ဂုအား အနောက်မှကားတစ်စီးဖြင့်ထပ်လိုက်လာသော ဂျီမင်းအမေနဲ့အဖေမှဝိုင်းဆွဲကြသည်။ထိုအခါမှ
ဂျောင်ဂုလက်ထဲတွင်လည်ပင်းမအစ်ရုံတမယ်ဖြစ်သွားသောထယ်ယောင်းလွတ်မြောက်သွားပြီးကြောက်လန့်တကြား စတင်ငိုကြွေးတော့သည်။

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Where stories live. Discover now